part-13

3K 244 19
                                    

Zawgyi

♤♤♤♤♤♤♤♤♤♤♤♤♤♤♤♤♤♤

************************************

ကျွန်တော်ဒီနေ့တော့မရရအောင်အိမ်ကိုဂျစ်တိုက်ပြီးအလုပ်လာဆင်းသည်။အလုပ်မဆင်းတာတစ်ပတ်တောင်ကျော်ပြီလေ။မိဘတွေကိုခွင့်မပြုရင်အိမ်ကထပ်ထွက်သွားမယ်ပြောမှခွင့်ပြုလိုက်ကြသည်။

မိဘတွေကိုဂျစ်မတိုက်လို့လဲမရတော့ကိုယ့်မှာသူနဲ့ချစ်သူကမဖြစ်ခင်ကကျမတွေ့ချင်အောင်တွေ့ရပြီးချစ်သူဖြစ်မှတွေ့ချင်တိုင်းမတွေ့ရဘူး။ညတိုင်းတော့ဖုန်းဆက်ပါရဲ့။အသံလေးမကြားရတော့လဲမကြားရလို့၊ကြားရတော့လဲတွေ့ချင်လာပြန်ရော။

သူကတော့လာတွေ့မယ်ပြောပေမယ့်မိဘတွေရှေ့ရောက်ရင်ကျွန်တော့်ကိုကျွန်တော်လိပ်ပြာမလုံမှာ
စိုးတာကြောင့်လာမတွေ့ဖို့သာငြင်းသည်။
ဟုတ်သည်လေ။သူငယ်ချင်းအိမ်လာလည်ရင်ကိစ္စမရှိပေမဲ့သူကကိုယ့်ချစ်သူဆိုတော့စိတ်ကမလုံပေ။

ခုဆိုဟိုလူကြီးကနေ့တိုင်းဖုန်းဆက်လာသည်။ညတိုင်းမနက်တိုင်းအချိန်ကိုမှန်နေရောပဲ။ထို့ကြောင့်ကျွန်တော်လဲအကျင့်ကိုဖြစ်လို့ညဆိုသူဖုန်းဆက်ပြီးမှအိပ်သည်။မနက်ဆိုလဲသူဖုန်းဆက်မှနိုးသည်။

ခုလဲကျွန်တော်ပြန်အလုပ်ဆင်းနေပြီလို့ပြောလိုက်တာနဲ့သူ့အလုပ်ပြီးတာနဲ့ဆိုင်ကိုလာခဲ့မယ်တဲ့။ခုထက်ထိလဲမလာသေး။လူကတွေ့ချင်နေပါပြီဆိုမှ။

ကိုဇေကိုလဲတော်တော်လေးတော့အားနာသည်။သူကကိုယ့်ကိုခင်လို့်အလုပ်မဖြုတ်သေးတာကိုအလုပ်ကိုစိတ်မဝင်စားဘဲကိုယ့်ချစ်သူသာကိုယ်မျော်နေမိသည်လေ။အလုပ်ကကျွန်တော်တို့နှစ်ယောက်တွေ့ရဖို့ကြားထဲကဓားစာခံလိုပင်။

"ညီအလုပ်ပြန်ဆင်းတာရော..အဆင်ပြေရဲ့လား
..ကိုယ်တောင်အံ့သြသွားတယ်..ညီအလုပ်ပြန်လာလို့"

"ပြေပါတယ်..ကိုဇေရဲ့..ကျွန်တော်ကတော့ကိုဇေကိုတော်တော်လေးအားနာနေပြီ..ကျွန်တော့်ကိုလဲအလုပ်မဖြုတ်..ဝန်ထမ်းလဲအသစ်မရှာဆိုတော့...တစ်ယောက်ထဲပင်ပန်းနေမှာပဲ"

"ဟား..ဟား..ဒါတော့စိတ်မပူနဲ့..ညီ့ကိုတော့အလုပ်မဖြုတ်ပါနဲ့..သူကူပေးမယ်ဆိုပြီးကူပေးတဲ့သူရှိတယ်"

ချိုမြိန်သောချစ်ခြင်း(Z+U) {COMPLETED}Where stories live. Discover now