Zawgyi
♤♤♤♤♤♤♤♤♤♤♤♤♤♤♤♤♤♤
************************************
ဒီနေ့မနက်ကိုဇေရဲ့ချစ်သူပြန်ရောက်မှာမလို့သူတစ်ယောက်ထဲအလုပ်တွေကိုရှုပ်နေသည်လေ။
ကိုဇေ၏ချစ်သူကမနက်၁၀နာရီလောက်မှရောက်
မည်ဟုပြောထားသော်လဲဂနာမငြိမ်...မနေနိုင်သည့်အဆုံးလေဆိပ်မှာသွားကြိုရန်မနက်၉နာရီကတည်းကထွက်သွားသည်တဲ့လေ။သူ့ချစ်သူကိုကြိုပြီးအိမ်ပြန်လိုက်ပို့ပြီးတာနဲ့ပြန်လာမှာမလို့ကျွန်တော့်အားဆိုင်တစ်ဆိုင်တွင်စောင့်ခိုင်းထားသည်။ဘာလို့ကိုဇေရဲ့ဆိုင်မှာမစောင့်ခိုင်းတာလဲမေးတော့supriseကညမှလုပ်မှာမလို့ခုကတည်းကဆိုသူမြင်သွားမှာလေဟုဆိုလာတော့ကျွန်တော်တောင်ဘာပြန်ပြောရမလဲမသိ။
ကျွန်တော်လဲပျင်းပျင်းနဲ့ပဲဖုန်းလေးထုတ်ဆော့လိုက်မှာထားသည့်အချိုရည်လေးသောက်လိုက်နှင့်လုပ်နေစဉ်မှာပင်ကျွန်တော်ဘေးသို့လူတစ်ယောက်လာရပ်သည်ကိုခံစားလိုက်ရသည်။ထိုလူ၏ခြေထောက်တစ်စုံကိုအရင်မြင်တွေ့လိုက်ရသည်။ထို့နောက်တစ်ဖြည်းဖြည်းမော့ကြည့်လိုက်ရာတွေ့လိုက်ရသည့်လူကြောင့်သောက်ထားသည့်အအေးတောင်သီးမတတ်ဖြစ်သွားရသည်။
အဖြူရောင်ရှပ်အင်္ကျီသန့်သန့်လေးကိုလက်ခေါက်တင်ထားကာ style pant မီးခိုးရောင်လေးနှင့်တွဲဖက်ဝတ်ထားသည့်ထိုလူသားဆံပင်ကိုကနဲနဲလိပ်ကာပင့်တင်ထားသေးသည်။
သူကအဲ့လောက်တောင်ပဲချောသလား။တွေ့ချင်သည့်သူကိုမထင်မှတ်ဘဲတွေ့လိုက်ရတာကြောင့်ထခုန်မတတ်ပျော်သွားပေမယ့်တကယ်တမ်းတုတ်တုတ်တောင်မလုပ်ဘဲငေးနေမိသည်။"အဟမ်း..ပိစိ..အော်မှားလို့..Jay တစ်ယောက်ထဲလား"
"ဟုတ်...ဟုတ်ကဲ့"
"ဒါဆိုကျွန်တော်ထိုင်မယ်နော်"
ခေါင်းသာငြိမ့်ပြပြီးစိတ်ထဲလဲအလွန်ဝမ်းနည်းသွားသည်။သူနှင့်မတွေ့ဖြစ်တာတောင်သိပ်မကြာသေးဒါကိုသူကအပြောင်းအလဲအရမ်းမြန်ပါလား။
ဘာလို့လဲ။အရင်ကသဘောမကျခဲ့ပေမယ့်တကယ်တမ်းပိစိလို့ခေါ်တာထက်Jayလို့ခေါ်လိုက်တာပိုနားဝင်ဆိုးသလို။အမြဲတမ်းသူ့ကိုယ်သူကိုယ်လို့သုံးနေကျလူကခုတော့ကျွန်တော်လို့အေးတိအေးစက်သုံးသည်တဲ့လား။
YOU ARE READING
ချိုမြိန်သောချစ်ခြင်း(Z+U) {COMPLETED}
Fanfictionမနေနိုင်လို့ရေးလိုက်ပြီ 😁😁 ခေါင်းစဉ်အတိုင်းလုံးဝsweetစေရမယ်😉😉 မုန်းတိုင်းပါဖြစ်ရင်တောင်ပါးပါးလေးပဲထည့်မယ်😍 Min Thway Khant ❤ JayBaas မနေနိုင်လို့ရေးလိုက်ပြီ 😁😁 ခေါင်းစဉ်အတိုင်းလုံးဝsweetစေရမယ်😉😉 မုန်းတိုင်းပါဖြစ်ရင်တောင်ပါးပါးလေးပဲထည့်မယ်😍...