Zawgyi
♤♤♤♤♤♤♤♤♤♤♤♤♤♤♤♤♤♤
************************************
ဘာလိုလိုနဲ့Bookingကြိုယူထားတဲ့တည်းရမယ့်
Ngwe Saung Resortကိုတောင်ရောက်လာချေပြီ။
ခန့်နဲ့တစ်ယောက်တစ်လှည့်မောင်းမယ်လို့
တိုင်ပင်ထားပေမယ့်..တကယ်တမ်းမောင်းဖြစ်တာ
ဇေယျာနိုင် ပါပင်။ခန့်ကသူ့ပိစိနားကကိုမခွာပေ။"ကြယ်လေးတို့ကနီးနီးနားနားချောင်းသာမသွားဘဲ
ဘာလို့ငွေဆောင်လာချင်ရတာတုန်း""နီးလို့်မသွားချင်တာလေ..."
"ဟမ်"
"ဟုတ်တယ်လေကိုကိုရဲ့...နီးတော့ခနခနမရောက်ဘူးလား"
"အင်း..ရောက်ရင်ရောက်မှာပေါ့"
"အဲ့တာပဲလေ..ခနခနရောက်တော့...မရောက်သေးတဲ့ငွေဆောင်ကိုလာတာပေါ့"
"ဒီလိုလား..."
"အင်း..."
......................................................................
"ပိစိ..ရောက်ပြီ..ထတော့နော်"
အိပ်ချင်မူးတူးရုပ်လေးနဲ့သူမျက်လုံးလေးကိုလက်နှင့်ပွတ်ကာကျွန်တော့်ကိုပြူးကြောင်ကြောင်ကြည့်နေသည့်ကလေးပေါက်စပါပင်။
"ရောက်တောင်ရောက်ပြီလား..."
"ရောက်ပြီး..ပိစိရဲ့.ကယ်...ဆင်းရအောင်"
"ဟုတ်..ကိုကို"
"ပိစိ ခေါင်းမူးသေးလား.."
"အင်း.နည်းနည်းတော့မူးသေးတယ်"
"ကိုယ်ချီသွားရမလား"
"ဒါဆိုအိတ်ကဘယ်သူသယ်မှာ"
"ဇေယျာတို့ကို..."
"ဟေ့ကောင်ခန့်...ကိုယ့်ဘာသာကိုယ်သယ်...ငါ့လဲ
ကြည့်ဦး"ဟုတ်ပါ့။အခုမှဇေယျာကိုကြည့်မိတော့သူ
ကလေးရဲ့ခရီးဆောင်အိတ်နဲ့သူအိတ်ကိုလက်တစ်ဖက်စီကိုင်ထားပြီးသူ့ကလေးပါလာသည့်ကျောပိုးအိတ်ကလွယ်ထားသေးသည်။ကြယ်လေးကိုကြည့်မိတော့သူစားသည့်မုန့်ထုတ်လေးသာကိုင်ထားသည်။"အေးပါကွာ...မင်းကိုကြည့်ပြီးအားတောင်နာသွားတယ်"
ကျွန်တော်လဲပိစိရဲ့အိတ်နဲ့ကျွန်တော်အိတ်ကိုသယ်မည်အပြုမှဝန်ထမ်းကောင်လေးတွေကပြာပြာသလဲအိတ်တွေလာကူသယ်တော့သည်။
ESTÁS LEYENDO
ချိုမြိန်သောချစ်ခြင်း(Z+U) {COMPLETED}
Fanficမနေနိုင်လို့ရေးလိုက်ပြီ 😁😁 ခေါင်းစဉ်အတိုင်းလုံးဝsweetစေရမယ်😉😉 မုန်းတိုင်းပါဖြစ်ရင်တောင်ပါးပါးလေးပဲထည့်မယ်😍 Min Thway Khant ❤ JayBaas မနေနိုင်လို့ရေးလိုက်ပြီ 😁😁 ခေါင်းစဉ်အတိုင်းလုံးဝsweetစေရမယ်😉😉 မုန်းတိုင်းပါဖြစ်ရင်တောင်ပါးပါးလေးပဲထည့်မယ်😍...