Zawgyi
♤♤♤♤♤♤♤♤♤♤♤♤♤♤♤♤♤♤
************************************
ဆိုင်ခန်းတွေအစီအရီတည်ရှိတဲ့လမ်းထက်ဝယ်ကောင်လေးတစ်ယောက်သူ့ဗိုက်လေးပွတ်ကာမျက်နှာငယ်လေးနဲ့လမ်းလျောက်နေသည်။
ပြီးမှသူ့ထုံးစံအတိုင်းဆူပုတ်ပုတ်မျက်နှာထားလေးအဖြစ်ပြောင်းသွားပြီး"အဲ့တာခများကြီးကြောင့်...ငါသာပိုက်ဆံမပါသွားရင်အရှက်ကကွဲဦးမယ်...သူ့ဆေးဖိုးလေးငါရှင်းလိုက်ရလို့..ဟင့်..ငါကခုဘယ်ကပိုက်ဆံနဲ့သွားစားရမှာလဲလို့..စေတနာကောင်းချင်ဦး..သူများကို..ဟင့်..ဟင့်...အလုပ်ကဖြင့်မရှိ"
ကိုယ့်ကိုကိုယ်ပြောဆိုနေရင်းနဲ့မှမျက်ရည်ကထွက်လာပြီ။
"ဟေ့..ကောင်လေး..."
"ဟေ့"
"ဗျာ..ဟင့်...ကျွန်တော့်ခေါ်တာလား"
"ဒီနားမှာမင်းပဲရှိတာကို...ဒါနဲ့..မင်းကအလုပ်လိုချင်လို့လား"
"ဟင်.."ငိုလက်စနဲ့မှကြောင်တောင်ကြောင်သွားသည်။ကိုယ်အလုပ်မရှိတာသူဘယ်လိုသိလဲပေါ့။ကိုယ့်ကိုပြန်ကြည့်မှငါတော်တော်မွဲနေတဲ့ပုံပေါက်နေလို့လား။တွေးရင်းငါအဲ့လောက်တောင်အခြေအနေဆိုးနေပြီလားတွေးပြီးပိုတောင်ငိုချင်သွားသည်။
"ဘာတွေကြည့်နေတာလဲ...အလုပ်လိုလားမေးတာ"
".ဟင့်..ဟင့်...အကိုကဘယ်လိုသိတာလဲ..."
"ခနကပြောတာကြားလိုက်မိလို့...အလုပ်ကဖြင့်မရှိဆိုပြီး..ပြောလိုက်တာမဟုတ်ဘူးလား"
ဟင်။ဒါဆိုငါပုံစံကြောင့်မဟုတ်ဘဲငါပြောကြားသွားလို့ကိုး။တော်ပါသေးတယ်။ငါကဖြင့်ထင်သွားတာပဲ။တအားများမွဲနေတဲ့ရုပ်ပေါက်ပြီလားလို့။အိမ်မှာနေတုန်းကအကောင်းအရွဲ့တိုက်ပြီးအိမ်ကထွက်လာမှမွဲပြာကျနေရောပဲ။
"အော်...ကယ်..လာလာ..အရင်ဝင်ခဲ့...စကားတစ်ခွန်းပြောလိုက်တိုင်း..ငူငူငိုင်ငိုင်ဖြစ်သွားတော့တာပဲ"
ဆိုင်ထဲဝင်ပြီးခုံမှာထိုင်ခိုင်းကာဟိုအကိုကကရှေ့တည့်တည့်မှာထိုင်နေသည်။
ESTÁS LEYENDO
ချိုမြိန်သောချစ်ခြင်း(Z+U) {COMPLETED}
Fanficမနေနိုင်လို့ရေးလိုက်ပြီ 😁😁 ခေါင်းစဉ်အတိုင်းလုံးဝsweetစေရမယ်😉😉 မုန်းတိုင်းပါဖြစ်ရင်တောင်ပါးပါးလေးပဲထည့်မယ်😍 Min Thway Khant ❤ JayBaas မနေနိုင်လို့ရေးလိုက်ပြီ 😁😁 ခေါင်းစဉ်အတိုင်းလုံးဝsweetစေရမယ်😉😉 မုန်းတိုင်းပါဖြစ်ရင်တောင်ပါးပါးလေးပဲထည့်မယ်😍...