အချစ်ဆိုတာ အရမ်းဆန်းကျယ်တာဗျ...လူတွေပြောကြတာပဲပေါ့...ကျနော်ကတော့ အချစ်ရဲ့ဆန်းကျယ်မှုကို အစကလုံးဝမယုံခဲ့ဘူး..ချစ်တာပဲ သူချစ်ကိုချစ်ပြီးပြီပေါ့လို့လွယ်လွယ်လေးတွေးခဲ့တယ်လေ...ဒါပေမယ့်..ကျနော် အမြတ်တနိုးခေါ်တတ်တဲ့ တလွဲကောင်လေး..နဲ့တွေ့မှပဲ အချစ်ရဲ့ဆန်းကျယ်မှုကို မျက်ဝါးထင်ထင်တွေ့လိုက်ရတော့တယ်....တလွဲကောင်လေးဆိုတိုင်း...သူ့နဲ့စတွေ့ခဲ့တာလဲ..တလွဲလေးပေါ့ဗျာ....ဒီလိုဗျ...
..........................................
နေယံတစ်ယောက်...လေလေးတစ်ချွန်ချွန်နဲ့...မှန်ကြည့်ရင်းဆံပင်ကိုသေချာဖီးနေလိုက်တယ်...ဒီနေ့ သူ ရှော့ပင်ထွက်မယ်လျှောက်သွားမယ်ပေါ့ ..တစ်ယောက်တည်း..အစီအစဉ်တွေဆွဲရင်းတစ်ယောက်တည်းပြုံးနေမိတယ်လေ...မိဘတွေကနိုင်ငံခြားမှာ အလုပ်တွေလုပ်ပြီး တစ်ဦးတည်းသောသားအတွက် အမြဲမပြတ်ရှာဖွေပေးနေတော့..နေယံတစ်ယောက် အပူအပင် မရှိငြိမ်းချမ်းနေတာပေါ့..ပြီးတော့..ခေါ်ပေမယ့်လည်း နေယံကမလိုက်ခဲ့ဘူး..မြန်မာနိုင်ငံကြီးကိုမခွဲနိုင်တာကြောင့်ရယ်....တစ်ယောက်တည်းပဲနေရတာလွတ်လပ်တယ်လို့တွေးတာကြောင့်ရယ်ပေါ့လေ...အခုထိလည်းအချစ်ဆိုတာကိုသူမတွေ့သေး...ဒါလည်းကောင်းတာပဲ..ပိုလွတ်လပ်တာပေါ့လို့တွေးရင်းနဲ့လည်း မရှာဖွေခဲ့ဘူးလေ...သူ့အတွက်အလုပ်မရှိလည်းပဲမိဘတွေရဲ့အမွေနဲ့တင်...တစ်သက်ထိုင်စားလို့ရနေတာကြောင့်...အရာရာကိုပေါ့ပျက်ပျက်ပဲတွေ့နေတတ်တဲ့ ကောင်လေးတစ်ယောက်ဖြ့စ်နေခဲ့တယ်...
အခုလည်း ...တစ်ယောက်တည်ပျင်းတာနဲ့..ကျော့ကျော့မော့မော့ ပြင်ဆင်ပြီး...ကာကိုထုတ်ကာ..အပြင်ထွက်လိုက်ပါတော့တယ်.....
ကားလေးကို တစ်ငြိမ့်ငြိမ့်မောင်းရင် ....သီချင်းလေးဖွင့်လို့..ကားထဲမှာတစ်ယောက်တည်းဝုန်းတိုင်းကျဲရင်..မောင်လာခဲ့တာပေါ့....လူရှင်းတဲ့လမ်းလေးရောက်တော့...ကားလေးကို အရှိန်နည်းနည်းတင်လိုက်တယ်...အဲ့ဒီအချိန်မှာပဲ..
.....
ကျွီ....!!!!
YOU ARE READING
ကျွန်တော်ချစ်သော တစ်လွဲကောင်လေး(complete)
Romanceကောင်လေး....မင်းက လေပြည်လေးဖြစ်ချင်တယ်ဆိုရင် ငါက တိမ်တိုက်လေးပေါ့ကွာ... လေနှင်ရာရွှေ့လျားမယ့် တိမ်တိုက်လေးပေါ့... ကောင်လေး....မင်းက လေပြည်လေးဖြစ်ချင်တယ်ဆိုရင် ငါက တိမ်တိုက်လေးပေါ့ကွာ... လေနှင်ရာရွှေ့လျားမယ့် တိမ်တိုက်လေးပေါ့...