❣ 4 ❣

71 6 0
                                    


နေ့သစ်​တိုင်းဟာ...​နေယံ့အတွက်​​တော့..​ပျော်​စရာ​တွေပြည့်​နှက်​​နေခဲ့တယ်​...မနက်​အိပ်​ယာနိုးတာနဲ့..သူသိပ်​ချစ်​ရတဲ့​ကောင်​​လေးရဲ့မျက်​နှာ​လေးကိုကြည့်​ခွင့်​ရ​နေသလို...​ကောင်​​လေး​ဘေးနားမှာသူရှိ​နေရတိုင်း...အရာအားလုံးပြည့်​စုံ​နေသလိုပါပဲ....
အတူတူ​လျှောက်​လည်​ကြတယ်​..အတူတူကစားကြတယ်​..
အတူတူချက်​စားကြတယ်​....TVကြည့်​ကြတယ်​..​ရှော့ပင်​​တွေထွက်​ကြတယ်​....လူလယ်​​ခေါင်​မှာလဲ နှစ်​​ယောက်​သားလက်​တွဲသွားကြတယ်​....ရုပ်​ရှင်​အတူတူကြည့်​ကြတယ်​....ကမ္ဘာ​လောကကြီးတစ်​ခုလုံး သာယာ​နေခဲ့တာ​ပေါ့....
ကောင်​​လေးရဲ့...ပြုံး​ပျော်​ရွှင်​မှု​တွေကိုမြင်​ရတိုင်းမြင်​ရတိုင်းသူအရမ်း​ကျေနပ်​တယ်​....​ကောင်​​လေးကသူ့လက်​​မောင်းကို​ခေါင်းအုံးလုပ်​အိပ်​တိုင်း...သူ့ရင်​ဘတ်​​ပေါ်တိုး​ဝှေ့ဖက်​လာခဲ့တိုင်း...သူရင်​​တွေအရမ်းခုန်​ခဲ့ရတယ်​...အချိန်​​တွေနာရီ​တွေ စက္ကန့်​​တွေကိုသူ​မေ့​နေခဲ့ရတယ်​​လေ...

ကောင်​​လေးရယ်​....ငါအချစ်​ဆိုတာကို မ​တွေ့ဖူးခဲ့ပါဘူး..ဒါ​ပေမယ့်​  မင်းကငါ့ကိုသင်​ခန်းစာ​တွေအများကြီးသင်​​ပေးနိုင်​ခဲ့တယ်​...ရင်​ခုန်​ရတဲ့အရသာကဘယ်​လိုမျိုးလဲဆိုတာ..မင်းလက်​​တွေ့ပြခဲ့တယ်​...သံ​ယောဇဉ်​ရဲ့အနှစ်​သာရကို..မင်းကပဲ​ပိုင်​ပိုင်​နိုင်​နိုင်​သင်​ပြခဲ့သူပါကွာ...အခုဆိုရင်​​လေ...ငါ့အ​တွေး​တွေရဲ့ တစ်​စိတ်​တစ်​​ဒေသတင်​မကဘူး...ငါ့နှလုံးသားတစ်​ခုလုံးကိုပါ..မင်းသိမ်းပိုက်​နိုင်​​နေခဲ့ပြီ​ကောင်​​လေးရယ်​...ငါ့ရဲ့အချိန်​တိုင်းမှာမင်းမရှိရင်​မဖြသ်​ဘူးဆိုတဲ့ စိုးရွံ့စိတ်​​တွေကြီးစိုး​နေခဲ့ပြီကွာ...ငါ့ရဲ့​ပေါ့ပျက်​ပျက်​နိုင်​ခဲ့တဲ့အချိန်​​တွေက မင်းနဲ့ကျမှလေးနက်မှုတွေအဖြစ်ပြောင်းလဲနေပါပြီ..မင်း​ပြေားဖူးတယ်​​နော်​...မင်းဒီဘဝမှာမရှိ​တော့ရင်​...​နောင်​ဘဝတစ်​ခုမှာ..​လေထုက​လေးဖြစ်​ချင်​တယ်​တဲ့....ငါက​တော့ တိမ်​တိုက်​​လေးဖြသ်​ချင်​တယ်​​ကောင်​​လေးရယ်​...​လေထုက​လေးရဲ့ ​စေစားရာအတိုင်းလိုက်​ပါ​မျှောလွင့်​​နေတတ်​တဲ့တိမ်​တိုက်​​လေးတစ်​ခု​ပေါ့....
ငါမင်းနဲ့ အ​နေနီးမှုအချိန်​ကြာလာ​လေ​လေ...မင်းကိုချစ်​တဲ့စိတ်​​တွေကကြီးထွားလာ​လေ​လေပါပဲ...မင်းစိတ်​ထဲမှာဘယ်လိုရှိမလဲ​တော့ ငါမသိ​ပေမယ့်​...မင်ူကိုမခွဲနိုင်​​တော့တဲ့ ငါ့ရဲ့​လေားဘ​တွေကတတ်​လာ​လေ​လေပါပဲကွာ...
ဒါ​ပေမယ့်​..ငါဖွင့်​မ​ပြေားရဲဘူး...ငါဖွင့်​​ပြေားလိုက်​လို့..မင်းစိတ်​မှာ..ငါ့ကိုအကိုတစ်​​ယောက်​လိုပဲရှိခဲ့မယ်​ဆိုရင်​...မင်းငါ့ကိုစိတ်​ဆိုးသွားမှာငါ​ကြောက်​​နေမိတယ်​..​ကောင်​​လေးရယ်​....
မင်းအနားမှာရှိခွင့်​ရ​နေတဲ့..အချိန်​​လေး​တွေ​ပျောက်​ဆုံးသွားမှာ..ငါ​ကြောက်​​နေမိတယ်​ကွာ....ဒါ​ပေမယ့်​....ဒါ​ပေမယ့်​...မင်းကို...ငါ..အရမ်းချစ်​မိသွားပြီ..​ကောင်​​လေးရယ်​...ဒါ​တွေကိုငါမ​ပြေားလဲ..မင်းသိ​နေနိုင်​ပါ​စေ...
မင်းသိ​နေနိုင်​ပါ​စေ​တော့..​ငါသိပ်​ချစ်​မိတဲ့ တလွဲ​ကောင်​​လေးရာ......
................................................................................

ကျွန်တော်ချစ်သော တစ်လွဲကောင်လေး(complete)Where stories live. Discover now