Zawgyi
------------"ညကတော်တော် ပျော်နေပုံပဲ..."
" ပျော်ဖို့ကောင်းတယ် ဟိုအစ်မတွေကဖော်ရွေတော့တော်တော်ပျော်ဖို့ကောင်းတယ်..."
"အားရပါးရကို ရယ်တာနော်..တို့ နဲ့နေနေတဲ့တစ်လျှောက် အဲ့လိုရယ်တာမတွေ့ဖူးဘူး..."
J..ရယ် အဲ့အပျော်တွေက J..နားမှာနေခွင့်ရလို့ပျော်တဲ့အပျော်နဲ့ယှဉ်ရင် တကယ့်အသေးအမွှားပါ။
Lisaအပေါ် ဘယ်လိုခံစားချက်မျိုးရှိနေတယ်ဆိုတာJennieကိုယ်တိုင် သိဖို့လိုသည်။ သဘောကျရုံဆိုတားဆီးဖို့မှီသေးတယ်မဟုတ်လား။ ဒါမှမဟုတ် ချစ်မိနေပြီဆို ကျမ ဘယ်လိုရှေ့ဆက်ရမလဲ။ Lisaကရောကျမ ကိုဘယ်လိုဆက်ဆံမလဲ။ တကယ်ကိုတွေးရခက်သလို ဖြေရှင်းလို့မရတဲ့ပုစ္ဆာတစ်ခုလိုဖြစ်နေပြီ။
အကောင်းဆုံးကတော့ မဖြစ်သင့်တာတွေမဖြစ်ဖို့အလုပ်ထဲပဲအာရုံစိုက်ဖို့လိုမည်။ Jisooကိုပြောပြရင်လည်းသေချာပေါက် ကျမရဲ့စိတ်ခံစားချက်ကိုရပ်တန့်ဖို့ ပြောလိမ့်မည်။ ဘယ်သူမှ မသိခင် ကိုယ့်စိတ်ကို အကောင်းဆုံးပြင်ဆင်ဖို့လိုအပ်မယ်ထင်ပါရဲ့။
J..ဆီမှာနေတာ နှစ်နှစ်တောင်ပြည့်တော့မယ်။ နောက်တစ်နှစ်ဆို စာချုပ်ကပြည့်ပြီ။ မခွဲချင်ဘူးJ..ရယ်။ တစ်နှစ်ဆိုတဲ့အချိန်လေးအတွင်း ပိုပြီးဂရုစိုက်ပါ့မယ်။ ပန်းကလေးရေ ဘယ်တော့မှ ညှိုးနွမ်းမသွားပါနဲ့။
အခုရက်ပိုင်းတွင်း Jennieကသူငယ်ချင်းတွေဆီလည်လိုက်။ အကတိုက်လိုက်နဲ့ အလုပ်ရှုပ်နေသည်။ ဒီကြားထဲစကားလည်းကောင်းကောင်းမပြောဖြစ်။တွေ့နေ မြင်နေ တစ်ချိန်လုံးအတူတူရှိပါလျက်နဲ့ သေသေချာချာစကားမပြောဖြစ်ကြဘူး။
နီးလျက်နဲ့တကယ်ဝေးရသလိုပါပဲ။" Jendeuk နင်Minoရဲ့ပန်းချီပြပွဲသွားမှာလား.."
"သွားရမှာပေါ့..သူနဲ့ဒီလောက်ခင်တာ လာခဲ့ဖို့လည်းသူကသေချာဖိတ်ထားတယ်.."
" Jendeuk.. နင်နဲ့Lisa ရန်ဖြစ်ထားသေးလား.."
"မဖြစ်ပါဘူး Unnie ရဲ့..ဘာလို့လဲ..."
"ငါရောက်ကတည်းကနင်တို့တွေစကားမပြောလို့လေ..ပြီးတော့Lisaကအရင်ဆို ငါနဲ့စကားလာပြောသေးတယ် အခုကြည့်ပါလား ဝရံတာထွက်ပြီးနေနေတာ..."
