(Unicode)
" မငိုနဲ့တော့.... Jendeuk ရယ် Unnieဘာလုပ်ပေးရမလဲ... Lisaကိုဖွင့်မပြောခဲ့ဘူးလား..."
"ဟင့်အင်း.... မပြောခဲ့ဘူး...သူလေ Jenကြောင့် အရမ်းခံစားနေရတာ..သူ့အပေါ်ရက်စက်လွန်းသလိုဖြစ်နေပြီလားဟင်...Jenမှာရွေးချယ်စရာမရှိလို့ပါ Unnieရယ်...တစ်သက်လုံးသူ့မျက်နှာကိုကြည့်ပြီး ဘယ်လိုနေသွားရမှာလဲ...."
ငိုနေတော့လည်း Jisooတစ်ယောက်သနားရုံကလွယ် တခြားမရှိတော့ချေ။
"တိတ်တော့... Jendeuk လည်းခံစားနေရတာပဲမလား... ဆုံးဖြတ်ချက်ကိုပြောင်းနိုင်ပါသေးတယ် Unnieတို့အားလုံးပေါင်းပြီး ဒီပြဿနာကိုဖြေရှင်းနိုင် မှာပါ...တကယ်ကလေ Jendeuk သတ္တိရှိဖို့ပဲလိုတာ Lisaကိုတကယ်ချစ်တယ်ဆိုရင် အားလုံးနဲ့ရင်ဆိုင် နိုင်ရမယ်မလား..သေသေချာချာပြန်စဉ်းစားကြည့်ပါအုံးကွယ်...."
ဒီလိုနဲ့Jisooနဲ့Chae တို့နှစ်ယောက်ကLisaကိုအသိပေးဖို့ ဆုံးဖြတ်ကြသည်။" unnie နဲ့ chae ဘာကဘယ်လိုဖြစ်ပြီး Companyကိုရောက်လာတာလဲ...."
"အရေးတကြီးပြောစရာရှိလို့ပါLisa..."
"အိမ်မှာပြောလည်းရတာကိုဒီထိလိုက်လာတယ်ဆိုတော့ တော်တော်အရေးကြီးတယ်ထင်တယ်..."
"ဟုတ်တယ်Lisa... Jendeuk နဲ့ပတ်သက်ပြီးLisaသိသင့်တာကိုUnnieတို့ပြောပြချင်လို့ပါ..."
ထိုအခါမှLisaလည်းပျာယာခတ်သွားသည်။
"ဘာများလဲ...J ဘာဖြစ်လို့လဲဟင်..."
" Bambamနဲ့ လက်ထပ်ဖို့ကိစ္စကလေ Jendeuk ရဲ့ ဆန္ဒမပါဘူးLisa....တကယ်တော့ BamBam ရဲ့အကြပ်ကိုင်ခြိမ်းခြောက်မှုကြောင့်သာ သူလက်ခံခဲ့ရတာ...သူကlisaကိုသိပ်ချစ်တာပါ သူ့ကြောင့်နဲ့Lisa စိတ်ဆင်းရဲနေမှာကိုလည်းသူမလိုလားဘူး... ရွေးချယ်စရာမရှိခဲ့လို့သာ Lisaနဲ့လမ်းခွဲခဲ့ရတာပါ..Unnieလေသူ့ကိုသနားတယ် တစ်ငိုငို တစ်ရယ်ရယ်နဲ့ ဘာလုပ်လို့လုပ်ပေးရမှန်းလဲမသိတော့ပါဘူး...."
" Bambam ကဘာလိုကိစ္စနဲ့ခြိမ်းခြောက်ခဲ့လို့လဲ..."
" Lisa အဲ့ကိစ္စကိုတော့Unnie ကိုမေးတာကောင်းလိမ့်မယ် သူကိုယ်တိုင်ဖြေမှကောင်းမယ့်အရာမို့ပါ.ငါတို့လည်း နင်တို့နှစ်ယောက်ကို ဒီလိုတွေမြင်ရတာစိတ်မကောင်းဘူး... နင်သိသင့်တာUnnieဆီကအကုန်မေးခဲ့ ပြီးရင်အကောင်းဆုံးဖြစ်မယ့်လမ်းကိုရွေးပေါ့ဟာ..."
