Part(16)

4.5K 335 25
                                    

(Unicode)

Lisaလည်း  စိတ်ပူရလွန်းလို့ ဘာလုပ်ရမှန်းမသိဖြစ်နေသည်။ ဒီအချိန်မှာ သူတစ်ယောက်ထဲနေဖို့ လိုအပ်တယ်ဆိုပေမယ့် ဘေးနားကနေနှစ်သိမ့်ပေးချင်မိသည်။

တွေးလိုက်တိုင်း မျက်ရည်ကအလိုလိုကျလာသည်။ ဖုန်းထဲကJennieအသံကြောင့် ပြိုလဲသွားသလိုခံစားနေရသည်။ ဘယ်လောင်တောင်ဝမ်းနည်းနေလိုက်မလဲ။ သူမကိုပြောဆိုထားတဲ့ comment တွေကမခံစားနိုင်အောင်နာကျင်လှသည်။

" Lisaရယ် ဘာလို့ငိုနေရတာလဲ...နားပါအုံးလားတစ်နေ့လုံးလည်းဘာမှမစားရသေးဘူး..."

"Somi ငါ့ကြောင့်နဲ့သူ ဒီလိုဖြစ်ရတာ... အခုလည်းသူနာကျင်နေတာတောင်ငါဘာမှလုပ်မပေးနိုင်ခဲ့ဘူး.."

"နင်စိတ်ဓာတ်မကျနဲ့လေ..သူ့ကိုအတက်နိုင်ဆုံးအား ပေးနှစ်သိမ့်ပေးရမှာ နင်ကအခုလိုဖြစ်နေတော့သူသိရင်ပိုစိတ်ညစ်ရလိမ့်မယ်...."

"နင်ပြောတာမှန်ပါတယ်..."

"ဒါဆိုနားလိုက်တော့ ခေါင်းကကြည်လင်နေမှပြဿနာကိုဖြေရှင်းဖို့နည်းလမ်းတွေ့မှာ..."


တစ်ဖက်မှာလည်း ငိုယိုနေတာ အသံပင်မထွက်တော့ချေ။ ရှိုက်ကြီးတငင်ငိုနေမို့ ပင်ပန်းလှသည်။

ထိုအချိန် တံခါးကအချက်ပေးသံထွက်လာတော့Jennieသွားဖွင့်ပေးလေသည်။

"BamBam...."

" ဘာလို့အဲ့လောက်တောင်ငိုထားရတာလဲ...ကြည့်ပါအုံးမျက်နှာတစ်ခုလုံး မို့တက်နေပြီ..."

"Lisa လွှတ်လိုက်လို့လား...."

Bambamလည်းအစီစဉ်တိုင်းဖြစ်မြောက်ဖို့ Lisaလွှတ်လိုက်သည်ဟုသာပြောတာမို့Jennieကအဝင်ခံလိုက်သည်။

" ဘာမှမစားရသေးဘူးထင်လို့ ကျွန်တော် မု့န်တွေဝယ်လာခဲ့တယ် ဝိုင်လည်းဝယ်ခဲ့ပေးတယ်..."

တိတ်ဆိတ်နေတော့ BamBamကမုန့်တွေအတင်းခွန့်ကျွေးတာမို့ စားလျက်စနဲ့ Jennieလည်းဝယ်လာသမျှတွေအကုန်စားလေသည်။

စိတ်ညစ်နေတော့ ဝိုင် ကိုတစ်ခွက်ပြီးတစ်ခွက်သောက်ကာ BamBamကိုရင်ဖွင့်လေသည်။

To...JennieRubyJaneWhere stories live. Discover now