(Unicode)
တစ်မိသားစုလုံးဆေးရုံကားနဲ့အတူတူ လိုက်ပါသွားကြသည်။ ခေါင်းမှာသွေးထွက်လွန်နေတော့ operation ဝင်ရသည်။" Bambam မင်းငါ့သားမှဟုတ်ရဲ့လား... မင်းအစ်မကိုအဲ့လောက်တောင်ရက်စက်ရသလား..တစ်ဖက် မိန်းကလေးကိုလည်းယုတ်မာခဲ့တယ်...ကဲ့ကွာ...."
ခွက်~~~~~ခနဲအသံထွက်အောင်လက်သီးဖြင့်ပိတ်ထိုးလိုက်သည်။
"ဖေကြီးရယ် တော်ပါတော့ဆေးရုံကြီးမှာ မရှက်ဘူးလား သားကိုဆုံးမချင်ရင်နောက်မှဆုံးမ ဟိုမှာသမီးလေးက အဆင်ပြေပါ့မလားစိတ်ပူရတဲ့ထဲ သားအဖ တွေရန်မဖြစ်ကြပါနဲ့..."
"တောင်းပန်ပါတယ်..." ဆိုတဲ့စကားနဲ့အတူတူBamban တစ်ယောက်မျက်ရည်ဝဲကာ နောင်တရနေလေသည်။
Jennieကိုကြည့်ပြန်တော့လည်း ငိုနေတာ တက်မတတ်ချက်မတတ်ပါပဲ။
ဘာမှမဖြစ်ရဘူးနော်Lisa...။ တို့တောင်းပန်ပါတယ် တို့ ကိုထားမသွားပါနဲ့။ တွေဝေနေခဲ့တာတွေအတွက် ပြန်ပေးဆပ်ချင်သေးတယ်။ တို့ ကိုခွင့်လွှတ်ပါ။ အခုမှ သေချာသိလိုက်ရတယ် အရှုံးဆုံးမခံနိုင်ဘူးဆိုတာကိုလေ။ ကျေးဇူးပြုပြီး တို့ ဆီပြန်လာပေးပါ။
" လူနာကသွေးထွက်လွန်ထားတော့ သွေးသွင်းဖို့လိုတယ် အဲ့တာ O သွေး အလှူရှင်လိုပါတယ်..."
Oသွေးဖြစ်တဲ့Bambamက မတ်တပ်ထရပ်ကာသွေးလှူဖို့ဆရာဝန်ကိုပြောသည်။ မိဘတွေဆီကထက်ငယ်ရွယ်တဲ့လူဆီကသွေးကိုဆရာဝန်တွေကလက် ခံလိုက်သည်။
အစ်မတစ်ယောက်လုံးကိုတော့ သူမဆုံးရှုံးချင်ပါ။ တကယ်လို့Lisaသာတစ်ခုခုဖြစ်သွားရင်တစ်သက်လုံးနောင်တ တရားတွေနဲ့နေထိုင်သွားရတော့မှာ။ ရှင်းပြချင်တာလေးတွေ၊တောင်းပန်စရာတွေရှိသေးတာမို့ အစ်မ နေပြန်ကောင်းမှဖြစ်မယ်။
ခွဲစိတ်မှုကအောင်မြင်တယ်ဆိုပေမယ့် စောင့်ကြည့်ရမယ့်အနေထားပင်။ သွေးလှူထားတဲ့Bambamလည်း အနားယူဖို့လိုအပ်တာကြောင့် ဆေးသွင်းပြီးနေရသည်။
လူနာဆီနှစ်ယောက်လောက်ပဲဝင်လို့ရတော့ မိဘဖြစ် သူတွေကအရင်ဝင်ကြည့်လေသည်။ မိသားစုအတွက် သိတက်တဲ့ကလေးမှဒီလိုဖြစ်ရတာစိတ်မကောင်းချေ။ ပိုပြီးစိတ်မကောင်းဖြစ်ရတာက မောင်နှမအချင်းချင်းဒီလိုအဆင်မပြေဖြစ်ခဲ့တာကိုပင်။