(Unicode)
အစားလည်းမစား ညဘက်ဆိုမအိပ်တဲ့အပြင် အခန်းထဲရှိJennieရဲ့ ပုံရိပ်တွေပိုသာ ငေးမောကြည့်နေလေသည်။
ကျိန်းသေပြန်လာမှာပါ J ကကျမ ကိုသိပ်ချစ်တာ။အခုလည်း သူစိတ်ရှုပ်နေလို့စိတ်ထွက်ပေါက်ရှာတာနေမှာပါ။
J မျက်ဝန်းတွေထဲကျမကိုချစ်တဲ့အရိပ်ယောင်တွေရှိ သေးတယ်။ ကျမတို့အချစ်တွေကသေချာပေါက် စစ်မှန်ခဲ့တာမို့ သူမရဲ့အချစ်ကိုနည်းနည်းလေးတောင် သံသယ မဝင်ပါဘူး။
ဘာကြောင့်လဲလို့မေးတော့ မချစ်ချင်တော့လို့တဲ့။ အကြောင်းပြချက်လေးတစ်ခုပေးခိုင်းတော့ သိပ်ပင် ပန်းနေပြီတဲ့လေ။
အဲ့စကားလုံးတွေနဲ့တင် ကျမအကြိမ်ကြိမ်သေလို့ရနေပြီ။
လူတွေက စိတ်ပင်ပန်းလာတဲ့အခါ အဲ့ပင်ပန်းမှုကိုရင်ဆိုင်ဖို့ထက် စွန့်လွှတ်မှုကိုရွေးချယ်တက်ကြတယ်။
J ရယ် Baby ကိုစွန့်ပစ်ဖို့လောက်ထိမရက်စက်ဘူးမလား။ မျှော်လင့်ချက်တွေမထားပဲချစ်ခဲ့ဖူးပါတယ် သူပျော်နေတာလေးမြင်ရင် ကျေနပ်နိုင်ခဲ့တယ်။ အချစ် ကိုပိုင်ဆိုင်ချိန်မှာ ကျမအတ္တလေးတော့ရှိလာခဲ့တယ်။ ဒီအတ္တလေးကြောင့် ကျမအနားကထွက်မသွားဖို့ ဆွဲထားပါရစေ။
တစ်ပတ်လောက်ရှိပြီ သူUSကိုသွားတာ။ ကျမလေ Daisy ပန်းလေးတွေကိုစိုက်ပျိုးခဲ့တယ်။ စိတ်သက် သာယာရမလားဆိုပြီးပေါ့။ သူပြန်လာရင်လေ ဒီပန်းခင်းလေးကိုမြင်ရင် ပျော်သွားမှာ။
တစ်လ ခန့်ကြာတော့ BamBam ကပြန်လာပြီလို့အကြောင်းကြားလာတယ်။
" Jendeuk.... Unnieကိုလည်းပြောပြပါအုံး ဘာတွေဖြစ်နေလဲဆိုတာကို...."
" Jenမှာရွေးချယ်ပိုင်ခွင့်မရှိဘူး.... Unnieရယ်...."
အဖြစ်ပျက်အားလုံးကိုပြောပြလိုက်တော့ Jisooလည်းအံ့ဩမိသည်။
"Bambam ကသူ့ကိုမှလက်မထပ်ရင် အဲ့ပုံတွေကိုဖြန့်မယ်လို့ ခြိမ်းခြောက်တယ် ဟုတ်လား...."
Jennie လည်းမျက်ရည်တွေကျကာ....
" သေချာအကွက်ချပြီး စီစဉ်ခဲ့တာ... Jenလေ Lisaနဲ့မခွဲနိုင်သလို အရှက်သိက္ခာ လည်းအပျက်စီးမခံနိုင် ဘူး... Jenသာအရှက်ခွဲခံရရင် ကိုယ့်ကို ကိုသတ်သေမိလိမ့်မယ်...."
