💕🌼🌿🌻🌴
.
''ကိုကိုရေ ထတော့.... ကိုကိုရေ ထတော့လို့"
ကျွန်တော့်ကိုသူ့လက်သေးသေးလေးတွေနဲ့အတင်းလှုပ်နှိုးနေသည်...."ရိပေါ်လေးကလဲကွာ''
ကျွန်တော်စောင်ကိုခေါင်းပူးခြုံကာပြန်အိပ်လိုက်သည်...ပေါက်စီလုံးလေးကိုစချင်တာလဲပါတော့ပေါ့...ဟီးဟီး..."ကိုကိုကရိပေါ်ကိုမချစ်တော့ဘူးလား...ချစ်ရင်ထနော်..''
ကျွန်တော့်ကိုနှုတ်ခမ်းလေးထော်ကာပြောနေသောပေါက်စီလုံးလေးကိုစောင်ထဲကနေခိုးကြည့်ပြီး ကြိတ်ရယ်နေမိသည်..."ဟုတ်တယ် မချစ်တော့ဘူး.. ကိုကိုအိပ်ရေးမဝသေးလို့အိပ်ချင်လို့ သွားပါတော့ကွာ''
ကျွန်တော်စလိုက်သည်...ပေါက်စီလုံးလေးကသူ့ကိုမချစ်ဘူးပြောရင်အရမ်းစိတ်ဆိုးတာမို့..."အားးးးး ခွေးလေးဘာလို့ကိုက်တာလဲ သေပါပြီကွာ"
ကျွန်တော့်လက်ကိုပွတ်ရင်း စိတ်ဆိုးချင်ယောင်ဆောင်ကာပြောလိုက်သည်..."ကိုကိုကရိပေါ်လာနှိုးတာကိုအဖတ်မလုပ်ဘူး...ပြီးတော့ရိပေါ်ကိုမချစ်တော့ဘူးလို့လည်းပြောတယ်..မောင်းလည်းထုတ်တယ်..ခွေးလေးလို့လည်းပြောတယ်.... ဟင့်... အဟင့်..*sob*''ငိုနေများနှာခေါင်းလေးကိုရဲလို့ ချစ်ဖို့ကောင်းလိုက်တာများနော်...
"အမလေး ကိုကိုမှားသွားပါတယ်ကွာ ...မငိုနဲ့နော်..ကိုကိုကဟော့ဒီကရိပေါ်လေးကိုမချစ်ရင်ဘယ်သူ့ကိုသွားချစ်ရမှာလည်း..ခွေးလေးလို့ပြောတာကလည်းချစ်လို့ပါကွာ ''
ကျွန်တော်ပေါက်စီလုံးလေးကိုပွေ့ကာပါးဖောင်းဖောင်းလေးတွေကိုနမ်းကာ ဖွဖွလေးကိုက်လိုက်သည်...ထိုအခါမှရယ်လာတဲ့ပေါက်စီလုံးလေး...ကျွန်တော့်ရဲ့နေ့ရက်တိုင်းက အဲ့ဒီလိုပါဘဲ.. ပေါက်စီလုံးလေးကမပါမဖြစ်ပေါ့...
ကျွန်တော့်နာမည်ကရှောင်းကျန့်...
အသက်ကတော့ 18နှစ်
အထက်တန်းနောက်ဆုံးနှစ်ကျွန်တော့်မှာ နေ့တိုင်းကပ်ပါးကောင်လေးလိုလိုက်ကပ်နေတတ်တဲ့ အိမ်နီးချင်းကောင်လေးတစ်ယောက်ရှိတယ်....
ဒါပေမဲ့ စိတ်ရှုပ်စရာကောင်းတယ်လို့တစ်ခါမှမတွေးဖူးဘူး ချစ်စရာကောင်းတယ်လို့ဘဲတွေးတယ်..
YOU ARE READING
My dear di di,please don't ignore me🖤
RomanceZhanyi🖤 ကိုကို ကျွန်တော်တို့ ကိုယ့်ခံစားချက်ကို သတ္တိရှိရှိဝန်မခံသရွေ့ဝေးနေကြဦးမှာဘဲ...❤💚 Zhanyi🖤 ကိုကို ကျွန်တော်တို့ ကိုယ့်ခံစားချက်ကို သတ္တိရှိရှိဝန်မခံသရွေ့ဝေးနေကြဦးမှာဘဲ...❤💚