🌼🌴🍂🌾
ကမ္ဘာကြီးကလည်းလှည့်ပတ်နေသလို အချိန်စက်ဝိုင်းကလည်း ရွေ့လျားခြင်းမရပ်တန့်ဘဲတဖြည်းဖြည်းလည်ပတ်နေသည်...
ဆေးရုံပြန်ပြဖို့ချိန်းထားတာကြောင့်ရိပေါ် ရှဂျီကွမ်းကိုဖုန်းဆက်လိုက်သည်...
" တီ... တီ....တီ..ဝေ ကောလား ''
"ပိစိလေးလား ပြောလေ ''
"ဒီနေ့ဆေးရုံပြန်ပြဖို့ချိန်းထားတာလေ အခုကအရေးကြီးကိစ္စလေးရှိလာလို့မရဘူးဖြစ်နေတယ် အဲ့ဒါကောညနေပိုင်း duty ရှိသေးလား''
"Duty မရှိတော့ပေမဲ့ ကိုယ်စောင့်နေမယ်လေ ''
" အဆင်ပြေရဲ့လား အားနာစရာကြီးကောရယ်''
"ရပါတယ် ကိုယ်လည်းမင်းကိုသတိရနေလို့ ...အရေးကြီးကိစ္စကဘာများလဲ ကိုယ်သိလို့ရမလား ...အဆင်မပြေရင်လည်းမပြောလို့ရတယ်နော် ကိုယ်ကဒီတိုင်းသိချင်လို့''
ရှဂျီကွမ်းတစ်ယောက် တစ်ခြားလူနဲ့များ dateထားလို့လား ဒါမှမဟုတ် အိမ်ထောင်ဖက်များသွားတွေ့တာလား ဆိုသောအတွေးများကို တွေးမိရင်းစိတ်ပူနေသည်.... အိမ်ထောင်ဖက်တွေ့ရအောင်ကလည်းငယ်လွန်းသေးပါတယ်.... မဟုတ်လောက်ပါဘူး အတွေးများဖြင့် ဂယောက်ဂယက်ထနေသည်....
"ပြောပြလို့ရပါတယ်ကောရဲ့ မားမားနဲ့အတူတူ ပါးပါးဆီသွားမလို့ပါ...အဲ့ဒါဆို ကျွန်တော်ညနေမှလာတော့မယ်နော် ''
ရှဂျီကွမ်းတစ်ယောက်ရိပေါ်ရဲ့စကားသံကြားမှစိတ်အေးသွားရသည်...ပိစိလေးရေ မင်းကြောင့် ကိုယ်ကြာကြာနေရင် ရောဂါရတော့မယ် မဖြစ်ပါဘူး မင်းတခြားလူလက်ထဲမရောက်ခင် ကိုယ်ဖွင့်ပြောမှဖြစ်တော့မယ်.....ရှဂျီကွမ်း ကိုယ့်အတွေးနဲ့တင်ကိုယ်ကျေနပ်နေသည်.....
.
.
.
.
..
.
ရိပေါ် ပါးပါးကိုတွေ့ရမယ်ဆိုတဲ့စိတ်ကြောင့်တက်ကြွနေသည်.... ကျွန်တော် ပါးပါးကိုပြောစရာတွေအများကြီးရှိတယ် ပါးပါးကိုလည်းအရမ်းလွမ်းတယ်.. .....ကားလေးကမောင်းနှင်ရာမှရပ်တန့်သွားမှုနဲ့အတူ ရိပေါ်ရဲ့အတွေးတွေလည့်းပျယ်လွင့်သွားသည်....ကားပေါ်ကဆင်းပြီးမားမားလက်ကိုတွဲကာတစ်နေရာတစ်ခုဆီသို့ ဦးတည်လိုက်သည်...
အုတ်ဂူအဖြူရောင်လေးထက်ကပါးပါးရဲ့အပူအပင်မရှိပြုံးရယ်နေတဲ့ ငြိမ်းချမ်းတဲ့မျက်နှာလေး ...
YOU ARE READING
My dear di di,please don't ignore me🖤
RomanceZhanyi🖤 ကိုကို ကျွန်တော်တို့ ကိုယ့်ခံစားချက်ကို သတ္တိရှိရှိဝန်မခံသရွေ့ဝေးနေကြဦးမှာဘဲ...❤💚 Zhanyi🖤 ကိုကို ကျွန်တော်တို့ ကိုယ့်ခံစားချက်ကို သတ္တိရှိရှိဝန်မခံသရွေ့ဝေးနေကြဦးမှာဘဲ...❤💚