[1.C]

4.3K 641 78
                                    

[Zawgyi]

Baekhyunရဲ့ ကျောင်းတက်ရက်တွေက ပုံမှန်လို
ပါပဲ…။ကြိုတင်သတ်မှတ်ထားတဲ့ ရုပ်ရှင်ဇာတ်လမ်း
ဟောင်းတစ်ပုဒ်လို တသမတ်တည်း…။
နေ့ရက်တို့က သာမန်ရိုးကျဆန်လွန်းလို့ အထက်တန်း
ကျောင်းသူကျောင်းသားတွေရဲ့ဇာတ်လမ်းက ပျင်းရိ
စရာကောင်းလွန်းတယ်ဟုပင် Baekhyun ခပ်ငြီး
ငြီးတွေးလိုက်မိသေးသည်။

အချိန်တန်ကျောင်းလာ…အချိန်တန်ကျောင်းပြန်နှင့်
ရွေ့လျားစက်ကလေးများရှိလျှင် အထက်တန်းကျောင်း
သားဘဝကြီးကို အလျင်အမြန်ပင် ကျော်ပစ်လိုက်ချင်ပါ
သည်…။ ပုံစံတူနေ့ရက်ဖြတ်သန်းမှုတို့တွင် Baekhyun၏အရိပ်အခြည်ကို အကဲခတ်ကာ စောင့်ရှောက်ပေးနေသော Park Chanyeol သည်လည်း တစ်ခုအပါအဝင်ဖြစ်၏။

Park Chanyeol၏ ခပ်ဆိတ်ဆိတ်အမူအရာကို
လည်း ပြောင်းပစ်လိုက်ရမလား… … …။

မျက်ဝန်းများကို မှေးစင်းရင်း Chanyeolကို
မော့ကြည့်လိုက်မိ၏။ ဖုန်းကို ငုံ့နှိုက်နေသော Chanyeolသည် အာရုံတို့ကို Baekhyunထံတွင် မထားထား…။ ဖုန်းထံတွင်
ရှိနေသည်လားဆိုတော့လည်း မဟုတ်…။

အပေါင်းအသင်းများများစားစားမရှိသော Chanyeolတွင် ဖုန်းcontact nameဆို
သည်မှာ လက်သုံးချောင်းစာပင်ရှိရဲ့လားမသိ။
Gameလည်း မဆော့တတ်သော Chanyeol အတွက် ယခုဖုန်းကို ငုံ့ကြည့်နေသောအကြောင်းရင်းမှာ
တစ်ခုတည်းသာရှိတော့သည်…။

Baekhyunနှင့် အကြည့်ချင်းမဆုံချင်လို့… … …။

" ဟွန့် "

နှုတ်ခမ်းမဲ့ရင်း မျက်စောင်းထိုး အကြည့်လွှဲလိုက်မိသည်။
အာရုံမရောက်ချင်ရင် ဘာလို့အနီးနားမှာ မတ်တပ်ရပ်
နေရသည်တဲ့လဲ…။

အဓိပ္ပါယ်မရှိတာတွေ သိပ်လုပ်သည်။

ဟိုလူကြီး၏ နှောင့်ယှက်တာခံရပြီးကတည်းက ကားစီးတိုင်း Baekhyun အနားတွင် Chanyeol အမြဲရှိနေတော့သည်။ Baekhyunကို ထိုင်ခုံလွတ်တစ်ခုတွင် ထိုင်စေရင်း
သူသည်တော့ အနားတွင် မတ်တပ်ရပ်လျက် လိုက်ပါ
လာတတ်လေ၏…။

ကားပြတင်းမှန်ကို တစ်ဖက်သို့တွန်းရွှေ့ကာ ဖွင့်ရန်
ကြိုးစားမိသည်။ တကျိကျိအသံပေးနေသောကားမှန်
တံခါးက ဖွင့်လေ့ဖွင့်ထမရှိသောကြောင့်ထင်…
အသံသာပေးသည်…ပွင့်မလာခဲ့…။

ⓢⓞ-ⓘ-ⓒⓐⓛⓛ-ⓨⓞⓤ [Complete]Donde viven las historias. Descúbrelo ahora