[Zawgyi]
" ဦးလေး… Ommaက ထမင်းစားမယ်တဲ့… "
…
" ဦးလေး! "
" ဟင် "
စားပွဲခုံတွင်ထိုင်ကာ အသိစိတ်ကင်းကွာသလိုဖြစ်နေ
သော ဦးလေးဖြစ်သူက ဟာရူ အသံကျယ်ကျယ်အော်
ထည့်လိုက်မှ ကယောင်ကတမ်းလှမ်းထူးသည်…။
တံခါးလက်ကိုင်ကို ကိုင်ထားရင်းမှ ဟာရူကိုယ်လေး
တစ်ဝက်က Baekhyun အခန်းထဲတွင် ရောက်နေ
သည်။ ဦးလေးသည် အပြင်မှပြန်ရောက်ကတည်းက
စကားတစ်ခွန်းပြောဖို့အရေး အားအတော်သုံးနေရ၏။" Ommaက ထမင်းစားကြစို့တဲ့… "
မှုန်ကုတ်ကုတ်နှင့် ကင်မ်ဟာရူအပြောတွေက Baekhyun နားထဲသို့ ရောက်နိုင်ပါ့မလား…။
တူမဖြစ်သူ စိတ်ကျေနပ်စေရန်သာ Baekhyun
ခေါင်းကို ညိတ်ပြလိုက်ရသည်။
ဒါတောင် ခေါင်းညိတ်ပြနိုင်ဖို့အရေး အချိန်ကယူလိုက်
ရသေး၏…။ဟာရူ…တံခါးကိုပိတ်ကာ အိမ်ပေါ်ထပ်မှပြန်ဆင်းသွား
သောအခါမှ Baekhyun စားပွဲခုံပေါ် မှောက်အိပ်
ပစ်လိုက်သည်။ သက်ပြင်းကိုချမည်လုပ်လိုက်ပြီးမှ
အသက်ပြန်အောင့်လိုက်မိ၏…။ နားထဲပြန်ကြား
ယောင်လာသောစကားတစ်ခွန်းအတွက် မျက်စိကို
စုံမှိတ်ချပစ်လိုက်သည်။ အကျိုးမရှိ…။ မှတ်ဥာဏ်ထဲ
တွင် နေရာယူသွားသော စကားတစ်ခွန်းအတွက် မျက်စိ
ပိတ်လိုက်မိခြင်းက လုပ်မိလုပ်ရာ လုပ်လိုက်ခြင်းတစ်ခု
သာဖြစ်သွားသည်…။" တကယ်ကို ခပ်ဆိုးဆိုးပဲ Park Chanyeol
ဆိုတာက… "ဟာရူ တက်ခေါ်ပြီး ငါးမိနစ်ခန့်လောက်ကြာမှ Baekhyun အိမ်ပေါ်ထပ်မှ ဆင်းနိုင်၏။
ထမင်းစားပွဲတွင် ထိုင်စားနေရသော်လည်း စိတ်အစဉ်က ပျံ့နှံ့နေသည်။ အစ်မ၏ မေးခွန်းကိုပင်
နှစ်ခါလောက် ပြန်နားထောင်မှ သေချာအာရုံဖမ်းဆုပ်
နိုင်ခဲ့သည်…။အစ်မကတော့ အတော်ကို အံ့အားသင့်နေပါသည်။
ဘဏ်ကိုသွားရန်အချိန်ကို မေးခြင်းမှာ မောင်ဖြစ်သူ
ထိုမျှလောက် တွေဝေသွားခြင်းက ဖြစ်ရိုးဖြစ်စဉ်ထက်
ပင် ကျော်လွန်နေ၏…။" မစားချင်ရင်လည်း သွားတော့… "
ထိုစကားတစ်ခွန်းနှင့်အတူ Baekhyun မောင်း
ထုတ်ခံလိုက်ရပြီးသည့်နောက် အိမ်ပေါ်ထပ် အခန်းရှိ
ရာဆီ ပြန်တက်လာခဲ့လိုက်တော့သည်။
ESTÁS LEYENDO
ⓢⓞ-ⓘ-ⓒⓐⓛⓛ-ⓨⓞⓤ [Complete]
Romanceဘာအကြောင်းကြောင့်မဆို ငါက မင်းနဲ့ပဲ သက်ဆိုင်ချင်တယ်...။