[9.A]

2K 447 23
                                    

[Zawgyi]

အစ်မတို့ကို Chanyeol ပြန်လာပြီဖြစ်ကြောင်း
ပြောပြရချိန်က လျင်လျင်မြန်မြန်ရောက်လာခဲ့သည်။

နှင်းတွေကျမည်ဟု မိုးလေဝသက ကြေညာထား
သည့်တိုင် ညနေစောင်းအချိန်အထိ နှင်းကမကျသေး။
ထို့အတွက် ယောက်ဖဖြစ်သူက မိုးလေဝသသတင်း
ကြေညာချက်တွေ ယခုတလောမှားယွင်းလာကြောင်း
အပြစ်တင်သလိုပြောဆိုနေသည်…။

ယောက်ဖဖြစ်သူ၏ ရှေ့တည့်တည့်စားပွဲပေါ်တွင် အစ်မ
ဖျော်ထားပေးဟန်တူသော ကော်ဖီတစ်ခွက်ကရှိနေ၏။
ပုံမှန်ဆို ဟာရူအဖေက ကော်ဖီသောက်လေ့သောက်ထ
မရှိ…။ ခန္ဓာကိုယ်အတွက် မကောင်းဟုဆိုကာ
ကျန်းမာရေးလက်ဖက်ရည်ကြမ်းကိုသာ သောက်တတ်
သည်။ လူတွေက အသက်ကြီးကြီးလာသည်နှင့်အမျှ ပြောင်းလဲတတ်လာသည်လားမသိ…။

" hyung…အစ်မရော… "

ကော်ဖီခွက်မှတဆင့် TVကိုတစ်ချက်လှမ်းကြည့်လိုက်
ရင်းမှ Baekhyunမေးသည်။ အပြင်မှပြန်လာ
သောအချိန်ကတည်းက အစ်မနှင့်ဟာရူကိုမတွေ့သေး။
ဒီနေ့ကျောင်းပိတ် ရုံးပိတ်ရက်ကိုမှ အစ်မတို့ဘယ်ထွက်
သွားသည်ဆိုတာ Baekhyunမသိလိုက်ဖြစ်နေ
သည်…။

" ဟာရူကျောင်းက မိဘတွေ့ဆုံပွဲဆိုလားရှိတယ်…
အမေတွေ 3,4ယောက်လောက်စုပြီး
ကလေးတွေပညာရေးအတွက် ဆွေးနွေးတိုင်ပင်ကြ
တယ်ဆိုတာလေ… "

ယောက်ဖက ပုခုံးကိုပင် တစ်ချက်တွန့်ပြလိုက်သေးသည်။
ကြည့်ရသလောက်… ယောက်ဖက
ထိုတွေ့ဆုံပွဲကို အားပေးသည့်ပုံမပေါ်…။
ဟာရူကို ဖိအားမဖြစ်စေချင်သည့်သဘောလည်း ပါနိုင်
သည်။

" ကော်ဖီခွက်တောင် အရည်ကြည်မတက်
သေးဘူးဆိုတော့ အစ်မတို့ထွက်သွားတာ သိပ်မကြာသေးဘူးမလား… "

ခေါင်းငြိမ့်ထောက်ခံပြရင်း ယောက်ဖက TVကို
ဆက်ကြည့်နေသည်မို့ အနှောင့်အယှက်မပေးလိုတော့
သည်ကတစ်ကြောင်းကြောင့်… Baekhyunပါ
ငြိမ်သက်စွာဖြင့် TVကို ကြည့်နေလိုက်၏…။

ဘေ့စ်ဘောပြိုင်ပွဲလာနေသည်…။
ပြိုင်နေသော အသင်းနာမည်တွေကိုဖတ်ကြည့်သည်။
တစ်သင်းက နာမည်ကြီးအသင်း…။ ကျောင်းက
ဂျူနီယာတွေပါးစပ်ဖျားကနေ ခဏခဏကြားဖူးနေသည့်
အတွက် နားရည်ဝနေသည်။
နောက်တစ်သင်းကတော့ မသိ…။
ထိုအသင်းသည်လည်း နာမည်ကြီးလားမသိသော်ငြား
ဘေ့စ်ဘောနှင့်အလှမ်းဝေးသော Baekhyun
အတွက်ကတော့ စိမ်းသက်နေသည်က တကယ်
မဆန်းပါ…။

ⓢⓞ-ⓘ-ⓒⓐⓛⓛ-ⓨⓞⓤ [Complete]Onde histórias criam vida. Descubra agora