/1/ခရီးအစနဲ့ဖန်​ရှင်းဆိုတဲ့​ကောင်​​လေး

2.5K 116 0
                                    

[Zawgyi]

ကားတံခါးကိုလက်​ဖြင့်​တစ်​​တောက်​​တောက်​​ခေါက်​ရင်းအပြင်​ကရှူခင်းမမည်​သာတဲ့
လယ်​ကွင်း​တွေတစ်​ခုပြီးတစ်​ခုကိုကြည့်​ရှုရင်း​ရှောင်းကျန့်​တစ်​ဝါးဝါးနဲ့သန်း​နေတယ်

တကယ်​ပါ ဒီ​လောက်​​ခေါင်​ပြီးပျင်းစရာသိပ်​​ကောင်းတဲ့​နေရာကိုလာရတာဟာ​ရှောင်းကျန့်​အတွက်​​တော့သိပ်​ကိုစိတ်​ပျက်​စရာပဲ။

ထိုသို့ပျင်း​ခြောက်​ဖွယ်​​နေရာကိုဖြတ်​သန်​ပြီး​တော့​ရွှေဝါ​ရောင်​လယ်​ကွင်းပြင်​က​နေ
လူ​နေအိမ်​​တွေကိုတစ်​စတစ်​စမြင်​လာရတယ်

ကြည့်​ရတာအိမ်​​ရောက်​​တော့မယ်​ ထင်​ပါရဲ့

ရှောင်းကျန့်​အ​တွေး​တွေမဆုံးခင်​မှာကားနီ​လေးက​တဖြည်းဖြည်းရပ်​​သွားတယ်

ရှောင်းကျန့်​ကားမှန်​ကိုတစ်​ဖြည်းဖြည်းချလိုက်​​တော့အိမ်​ပု​လေး​တွေကြားမှကွဲထွက်​​နေသည့်
နီညို​ရောင်​အိမ်​ကြီးကကြိုဆိုလို့​နေသည်​။

"ဟို အကို​လေး​ရှောင်း လိပ်​စာအရဆိုဒီအိမ်​ပဲ ကျွန်​​တော်​ပစ္စည်း​တွေသွားချသွားချလိုက်​ရမလား"

ရှောင်းကျန့်​ကသူရဲ့မျက်​မှန်​ကိုပဝါဖြင့်​သုတ်​ရင်း ကားဆရာ၏စကားကို​ခေါင်းငြိမ့်​လိုက်​သည်​။

"အင်း ချလိုက်​​တော့ ကျွန်​​တော်​လည်းသိပ်​ပင်းပန်း​နေပြီအထဲ​ရောက်​တာနဲ့တန်းနားရ​တော့မယ်​"

ရှောင်းကျန့်​ငယ်​ငယ်​​လေးထဲကဒီအိမ်​မှာ​နေခဲ့ဖူးတာမို့ ဒီအိမ်​နဲ့သူဟာစိမ်းမ​နေဘူး

'​ဒေါက်​ ​ဒေါက်​'

ရှောင်းကျန့်​တံခါးကိုအသာတီးရင်း သူရဲ့တွန့်​​ကြေ​နေတဲ့အင်္ကျိကိုသပ်​ရပ်​​အောင်​ပြင်​လိုက်​တယ်

"ဘယ်​သူလဲ မသိဘူးဗျ"

တံခါးကို​ခေါင်း​လေး​ပေါ်ရုံ​လောက်​သာဖွင့်​ပြီး သူကိုပြူး​ကြောင်​​ကြောင်​​လေး​မေးလာတဲ့​ကောင်​​လေး၊ပုံစံကြည့်​ရတာ​တော့ငယ်​ငယ်​ရွယ်​ရွယ်​​လေးပဲ၊ဘယ်​သူပါလိမ့်

Journey To The Love(WANGYIBO X XIAOZHAN)Where stories live. Discover now