/6/ကလေးတွေကိုမကြိုက်မိစေနဲ့

543 66 2
                                    

𝗨𝗡𝗜𝗖𝗢𝗗𝗘

အိမ်ကလူတွေမသိအောင်ခိုးဝယ်ထားတဲ့
စကိတ်လေးကိုကြည့်ရင်းကောင်ငယ်လေးရဲ့မျက်နှာမှာအပြုံးကြီးကြီးတစ်ခုဖြစ်ထွန်း
တယ်

ဒီစကိတ်လေးရဖို့သူဘယ်လောက်ထိကြိုးစား
ခဲ့ရလဲ။အိမ်ကလူတွေမသိအောင်ဘက်ထား
အဲ့လေ စုထားတဲ့ပိုက်ဆံလေးနဲ့ခိုးဝယ်ထားရ
တာမို့ပိုလို့တောင်အထိအခိုက်မခံနိုင်ဘူး။

ငယ်ငယ်တုန်းကစကိတ်စီးရင်းစကေးတွေ
အပြလွန်းပြီးခြေထောက်ကျိုးသွားကတည်း
ကအိမ်ကလူတွေကစကိတ်စီးခွင့်ပိတ်ထားခဲ့
တာ၊ဒါပေမဲ့သူကဘယ်သူလဲ ဝမ်ရိပေါ်လေ
အိမ်ကလူတွေမလုပ်ခိုင်းရင်ခိုးပြီးလုပ်မယ်
ဒါပဲ။

ဝုတ်

"အာ ဝေ့ဝေ့လေး"

Hoodieအမဲ ဘောင်ဘီအပွနဲ့ရိပေါ်ကိုမြင်တော့ရိပေါ်ရဲ့အသည်းသက်ညှာလေးက
အမြီးလေးနှံ့ရင်းပြေးလာတယ်
သူကြည့်ရတာပန်းခြံသွားဖို့ထင်နေတယ်
ထင်ပါရဲ့။

"ရှူး ဝေ့ဝေ့လေး ဖွားဖွားအိပ်ပြီးလား"

"ဝုတ်"

"အင်း ဟုတ်တာပဲ မင်းကဘယ်သိမလဲ
ဒီချိန်ဆိုဆေးအရှိန်နဲ့အိပ်နေလောက်ပါပြီ။
ဟုတ်တယ်မလား"

"ဝုတ်"

ခုံတက်ခုံတက်ဖြစ်နေတဲ့ဝေ့ဝေ့လေးကို
အသာပွတ်ဆွဲရင်းမွေးကြူးပစ်လိုက်တယ်

"ဝေ့ဝေ့လေး အိမ်မှာနေခဲ့နော် ဒီနေ့ပန်းခြံ
မသွားဖြစ်လောက်ဘူး နော်"

အခုနကပျော်နေပုံရတဲ့ခွေးဖြူလေးဟာ
ချက်ချင်းဆိုသလိုကြမ်းပြင်ပေါ်ခေါင်းချပြီ
ငိုမဲ့မဲ့လေးလှမ်းကြည့်လာတယ်

"ဝေ့ဝေ့လေးကလည်း ဒီနေ့ဆိုဟိုရေခဲမုန့်ကိုကိုလည်းလာချင်မှလာမှာပါ
ဟုတ်တယ်ဟုတ်"

ရေခဲမုန့်ကိုကိုလို့လည်းကြားရောငိုင်နေတဲ့
နားရွက်နှစ်ဖက်ကထောင်တက်လာပြီခပ်မြူး
မြူးပြန်ဖြစ်လာရော။

ဟွန်း သေချာပါတယ် ဝေ့ဝေ့လေးကအပြင်
သွားချင်တာထက်အဲ့ကိုကိုနဲ့ပိုတွေ့ချင်တာပဲ
နေမှာ။

အတွေးနဲ့အတူရိပေါ်ကခွေးလေးကိုမျက်စောင်းထိုးပြီးသား။

Journey To The Love(WANGYIBO X XIAOZHAN)Where stories live. Discover now