/7/သာလိကာအပြာရောင်လေး/

428 51 4
                                    

𝗨𝗡𝗜𝗖𝗢𝗗𝗘

တိတ်ဆိတ်တဲ့လမ်းကျဥ်းကျဥ်းဟာလူနှစ်ယောက်ကြောင့်ဆူညံစေတယ် မာရသွန်ပြေးနေသလားမှတ်ရတဲ့လူတစ်ယောက်အနောက်ကိုကြောင်တောင်တောင်နဲ့လိုက်သွားရတဲ့လူတစ်ယောက်ဟာတစ်ကယ့်ကိုကြောင်တောင် တောင်ဆန်ပြီးရင်းဆန်တယ်

"ဟေး ဟေ့ ရပ်ဦး မလိုက်လာလောက်တော့ဘူးထင်တယ်"

"ဟင်"

အခုမှအသိဝင်လာပုံရတဲ့ရိပေါ်ဟာရှောင်းကျန့်ရဲ့လက်ကိုလွတ်လိုက်ပြီးအနောက်ကိုကြည့်လိုက်တယ် ဟုတ်တယ် ဘယ်သူမှမရှိတော့ဘူး ဘယ်ကိုပြေးလာမှန်းမသိပေမဲ့လမ်းဟာတိတ်ဆိတ်တာအမှန်ပဲ။

လက်တစ်ဖက်မှာကိုင်ထားတဲ့စကိတ်ဘုတ်ဆီအာရုံရောက်တော့ရိပေါ်ဟာပိုပြီးdeepသွားပါတယ် တစ်ကယ်ဆိုထွက်ပြေးတုန်းကသူ့စကိတ်စီးပြီးသူထွက်ပြေးလို့ရတာပဲ

အဲ့ဒါကိုအမောခံပြီးပြေးလိုက်ရတာ ပြီးတော့တစ်ယောက်တည်းလည်းမဟုတ်၊မဆိုင်တဲ့အကို့ကိုပါဆွဲခေါ်လာမိတာ စဥ်းစားကြည့်ရင်ရိပေါ်ကအတော်ရှက်ဖို့ကောင်းတဲ့ကိစ္စလုပ်ခဲ့တာပဲ အားနားဖို့လည်းကောင်းတယ် ရှက်ဖို့လည်းကောင်းတယ်

"အ အကို"

ပြေးလာရတဲ့အရှိန်ကြောင့်ရိပေါ်ရဲ့အသံကမောဟိုက်နေတယ် ဒူးနှစ်ဖက်ကိုလက်နဲ့ကိုင်ရင်းအမောဖြေနေတဲ့အကိုကလည်းရိပေါ်ဘက်ကိုမော့ကြည့်လာပါတယ်

"အင်း ရိပေါ် ပြောလေ"

"တောင်း တောင်းပန်ပါတယ်နော် ဘာမှမဆိုင်ပဲအခုလိုကြီး"

ဆံပြာလေးတွေနဲ့ဘလူးဘယ်ရီလေးဟာအခုလိုလည်းအားနာပြီးရှက်တတ်ပါသေးရဲ့။
အားနာဖို့မလိုပါဘူး ဆံပြာလေးရယ် မင်းနဲ့ဆို
ဘယ်နေရာမဆိုနိဗ္ဗာန်ဘုံဖြစ်ကြောင်းအနမ်းတွေပေးပြီးပြောပြချင်လိုက်တာ အင်း ဘဝကရုပ်ရှင်မဟုတ်တော့လည်းဆံပြာလေးရှက်ပြီး
တင်းကိုင်ထားတဲ့စကိတ်ဘုတ်လေးကျိုးမသွားဖို့အရေးရှောင်းကျန့်ကပြာသလဲလဲရှင်းပြရပါမယ်

ဘလူးဘယ်ရီလေးစိတ်မကောင်းဖြစ်တာမျိုးရှောင်းကျန့်တို့မလုပ် လုပ်ရင်ရှောင်းကျန့်တို့မဟုတ်ဆိုသလိုမျိုးဆံပြာလေးမျက်နှာသာကမ္ဘာထင်ပါမယ် ကျန်တာကတော့ဖြစ်ချင်တာဖြစ်ပေါ့

Journey To The Love(WANGYIBO X XIAOZHAN)Where stories live. Discover now