/5/လူပျိုကြီး​ရှောင်းကျန့်​ရဲ့အချစ်​​ရေး

557 65 3
                                    

Zawgyi

နေထိုင်​ခဲ့တဲ့၂၇နှစ်​လုံးလုံးငြိမ်​သက်​​နေတဲ့နှလုံးသားကကိုယ့်​ထက်​ငယ်​တဲ့ဆယ်​​ကျော်​သက်
ကောင်​​လေးတစ်​​ယောက်​ဆီကျရှုံးသွားမယ်​လို့​ရှောင်းကျန့်​ကဘယ်​တုန်းကမှမထင်​ခဲ့ဘူး
အဘွားတို့ဆီခဏလာ​နေတယ်​ဆိုတဲ့အ​ကြောင်းပြချက်​​နေ​ကောင်​​လေးတစ်​​ယောက်
ကြောင့်​ဒီထက်​ကြာကြာ​နေဖို့လည်းဖြစ်​နိုင်​သွားလိမ့်​မယ်

ဖန်​ရှင်းလက်​ထဲမှာ​ပျော်​မြူး​နေတဲ့​ဖေ့​ဖေ့ဆိုတဲ့​ခွေး​လေးကိုကြည့်​ရင်းပိုချစ်​လာရမဲ့အစား
အသည်းသာနာတယ်​ ဒီအကျိုးမ​ပေးတဲ့​ခွေး​တွေ​ကြောင့်​ဆံပြာ​ကောင်​​လေးရဲ့နာမည်​ကို
သူမသိရတာ။

"ကျန့်​​ကော"

"ဟမ်​"

"ဘာလို့​ဖေ့​ဖေ့​လေးကိုလူသတ်​​တော့မလိုအကြည့်​နဲ့ကြည့်​​နေတာလဲ"

စူပုတ်​ပုတ်​​လေး​မေးလာတဲ့ဖန်​ရှင်း​ကြောင့်​​ရှောင်းကျန့်​မှာမျက်​နှာ​ကြောကိုပြင်​ရတယ်
ဒီ​ခွေး​တွေ​ကြောင့်​က​လေး​တွေဆီက​တောင်​​လေးစားမူမခံရ​တော့ဘူး

"အဟမ်း ဘာမှမဟုတ်​ပါဘူးကွာ မင်းက​ခွေး​တော်​​တော်​ချစ်​တာပဲ​နော်​ ငါ​ခွေးကတစ်​ချိန်
ကုန်​မင်းလက်​ထဲမှာကြီးပဲ"

တစ်​ကယ်​​တော့​ရှောင်းကျန့်​ကိုယ်​တိုင်​မလိုချင်​လို့ဖန်​ရှင်းဆီထိုးအပ်​ထားတာ
တော်​​သေးတယ်​ အ​ကောင်​​ပေါက်​​လေးက​ခွေးချစ်​တတ်​လို့။

"ချစ်​တာ​ပေါ့ ​ကောရဲ့ ဖွားတို့ကအလုပ်​ရှုပ်​မယ်​ဆိုပြီးမ​မွေးခိုင်းလို့သာမ​မွေးရတာ
သားက​ခွေးဆိုသိပ်​ချစ်​တာရယ်​ အရင်​တုန်းက​ကောမလာခင်​တုန်းကဆိုဒီနားက
ကောင်​​လေးတစ်​​ယောက်​ဆီက​ခွေး​လေးငှါးငှါးပြီး​ဆော့ရတယ်​"

ခွေးနဲ့​ကောင်​​လေးဆို​တော့​ရှောင်းကျန့်​ကဟို​ကောင်​​လေးရဲ့မျက်​နှာကို​ပြေးမြင်​တာပဲ

"ဒါ​ပေမဲ့​လေ အဲ့​ကောင်​ကသိပ်​​ချေတာသိလား သူ​ခွေး​လေးခဏ​လောက်​ငှါးဖို့အ​ရေးကို
သားမှာမျက်​နှာ​လေးငယ်​ပြလိုက်​ရတာ သူက​တော့အ​ကြောကြီးနဲ့ ဟွန့်​"

Journey To The Love(WANGYIBO X XIAOZHAN)Where stories live. Discover now