/13/ဝမ်ချိုချိုလေး

738 55 6
                                    

𝗨𝗡𝗜𝗖𝗢𝗗𝗘

တော်ပြီ တော်ပြီ အားလုံးမေ့ပစ်လိုက်ပြီ
အဲ့ဒီအရပ်ရှည်ရှည်နဲ့အဘိုးကြီးကိုရိပေါ်ဘဝမှာတစ်ခါမှမမြင်ဖူးတဲ့လူတစ်ယောက်လိုသဘောထားလိုက်တော့မယ်

အပြောကတော့ရွှေမန်း လုပ်တော့တစ်ခြားစီဆိုတာအဲ့ဒီလိုလူမျိုးပဲ၊မုန်းလိုက်တာ ကလေးတစ်ယောက်အတွက်နဲ့သူ့ကိုပလစ်ပစ်တယ်

ရား ဒီလူကြီးကိုဒေါသထွက်လွန်းလို့ပါးစပ်ထဲထည့်ပြီးအပိုင်းပိုင်းပြတ်အောင်ဝါးစားပစ်လိုက်ချင်ပြီ

ဒေါသလည်းထွက်တယ် ဝမ်းလည်းနည်းတယ် ရှက်လည်းရှက်တယ်

စဥ်းစားကြည့်ပါဦး လူတွေအများကြီးရှေ့မှာရိပေါ်ကိုအခုလိုပလစ်လိုက်တာ

"တော်ပြီ ရည်းစားစကားလည်းမပြောတော့ဘူး"

ဒီလူကြီးဘက်ကမစရင်ရိပေါ်ဘက်ကရည်းစားစကားပြောမယ်ဆိုတဲ့အတွေးကြီးကိုဖျက်ပစ်လိုက်ပြီ အဲ့ဒီလူကြီးကိုလုံးဝအဆက်အသွယ်ဖျက်မယ်

လမ်းဘေးကအုတ်ခုံပေါ်ထိုင်နေတဲ့ရိပေါ်ကခြောက်သွေ့နေတဲ့မြေကြီးကိုဖိနပ်ထိပ်နဲ့ထိုးဆွရင်းနှုတ်ခမ်းလည်းဆူထားတယ်
မျက်ခုံးအစုံကိုလည်းတွန့်ချိုးရင်းပါးစပ်ကလည်းပွစိပွစိနဲ့။

"ဘာတွေပြောနေတာလဲ"

မြေကြီးတွေနေရာမှာအစားထိုးပြီးဝင်လာတဲ့အပြာရောင်တွေ။အပြာရောင်မုန့်မှာထိုးထားတဲ့သစ်သားချောင်းကိုကိုင်ထားတဲ့သွေးကြောစိမ်းတွေနဲ့လက်သွယ်သွယ်တွေ။

ဆူနေတဲ့မျက်နှာကိုပိုစူပုတ်လိုက်ရင်းအပေါ်ကိုမော့ကြည့်လိုက်တယ်

"ဘာလဲ"

နားဝင်ချိုစွာထူးလိုက်တဲ့အခါစိတ်ဆိုးဟန်မပြတဲ့အပြင်ရယ်ပါရယ်ပြတယ်

မြူစွယ်မနေနဲ့တော့ အဲ့လိုအပြုံးတွေနဲ့

ခင်ဗျားကြီးပလစ်သလိုကျွန်တော်လည်းခင်ဗျားကြီးကိုပလစ်တော့မှာ

"စိတ်ဆိုးသွားတာလား"

ရိပေါ်ဘေးနားကပိုနေတဲ့နေရာမှာရှောင်းကျန့်ကဝင်ထိုင်တယ်

You've reached the end of published parts.

⏰ Last updated: Jul 18, 2020 ⏰

Add this story to your Library to get notified about new parts!

Journey To The Love(WANGYIBO X XIAOZHAN)Where stories live. Discover now