/3//​ခွေးဖြူ​လေးကိုအ​ကြောင်​းပြမယ်​

816 88 1
                                    

[Zawgyi]

ကောင်​​လေးကအခုမှသတိရသလိုနဲ့အလန့်​တကြားအ​နောက်​ဆုတ်​တယ်
ကောင်​​လေးလက်​ထဲက​ရေခဲမုန့်​​လေးလည်း​အောက်​ကိုပြုတ်​ကျလို့
ပြီး​တော့အလန့်​တကြားလည်း​အော်​​သေးတယ်

"ဗျာ.."

"ဟမ်​ အဟမ်း.."

ကောင်​​လေးပဲမဟုတ်​ဘူး။ရှောင်းကျန့်​လည်းအခုမှသတိရတာ။ပြောချင်​တာ​ပြောပြီမှ
လက်​တစ်​ဖက်​က​ခွေးကိုကိုင်​ တစ်​ဖက်​ကပါးစပ်​ကိုအသာအုပ်​ပြီးအရှက်​​ပြေ​ချောင်းဟန့်
လိုက်​တယ်

"ဟို ဟိုဟာ ဆံပင်​ ဟုတ်​တယ်​ ဆံပင်​အ​ရောင်​သိပ်​လှတယ်​လို့"

ပါးစပ်​ထဲရှိရာ​လျှောက်​​ပြောလိုက်​​တော့​ကောင်​​လေးကသူ့ဆံပင်​သူကိုင်​ကြည့်​တယ်
မဟုတ်​လည်းဆံပင်​အပြာ​ရောင်​နဲ့​ကောင်​​လေးဟာတကယ်​လှတာပဲ

"ဟုတ်​ ​ကျေး ​ကျေးဇူးပါ"

အခုနကအ​ခြေအ​နေကြီးပြန်​​ရောက်​လာပြန်​​ရော ​ကောင်​​လေးကလည်းသူ့ကိုကြည့်
သူကလည်း​ကောင်​​လေးကိုကြည့်​ ​ရှောင်းကျန့်​ထင်​တာမမှားဘူးဆို​ကောင်​​လေးက
အနည်းငယ်​တုန်​​နေသလိုပဲ လူ​ကြောက်​တတ်​တယ်​ ထင်​တယ်

ဝုတ်​!!

သူ့ကိုကြည့်​​နေတဲ့မျက်​ဝန်းနက်​နက်​​လေးဟာ သူ့လက်​ထဲကအရာထံချက်​ချင်းကူး​ပြောင်း
သွားတယ်

"ဟင်​ ​ဝေ့​ဝေ့"

"ဪ ဟင်​ ဟုတ်​ ဟုတ်​တာပဲ ​မေ့​နေလိုက်​တာ ဒါငါ့ညီရဲ့​ခွေး​လေးထင်​တယ်​"

ကောင်​​လေးကသူ့ကိုမကြည့်​ ​ခေါင်း​လေးတစ်​ဆက်​ဆက်​ငြိမ့်​ရင်း သူ့လက်​ထဲက​ခွေး​လေး
ကိုသူ့ဆီ​ပြောင်းယူတယ်

ပြီး​တော့သူ့​ခွေး​လေးကိုတစ်​ကိုယ်​လုံးကိုလှည့်​ပတ်​ကြည့်​ပြီ ဒဏ်​ရာရှိမရှိကြည့်​​နေ​သေး

"ငါ​ရေခဲမုန့်​​လေးတစ်​ချက်​သွားဝယ်​တာနဲ့ မင်းကအပြင်​​တွေ​လျှောက်​သွားတယ်​​ပေါ့
အိမ်​ပြန်​ရင်​​နောက်တစ်​ခါဒီလိုမလုပ်​​အောင်​အပြစ်​​ပေးရမယ်​ ကြားလား"

Journey To The Love(WANGYIBO X XIAOZHAN)Where stories live. Discover now