လောကကြီးကပဲ လူယုတ်မာတွေအပေါ်ဘက်လိုက်လွန်းတာလား..
ရှောင်းကျန့် ကပဲဝဋ်ကြွေးမကျေသေးတာလား..
ဒါမှမဟုတ် မှားခဲ့တာတွေကို ပြန်ပြင်ဖို့ ဒုတိယအခွင့်အရေးလား..
ရှောင်းကျန့် မိမိ ရဲ့ ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်မိတယ်..
ကလေးတွေ..ဟုတ်တယ်..ကလေးတွေပဲ
ပြီးတော့ မိမိကိုယ်ကို ပြန်အကဲခတ်မိတော့ လက်သေးသေးလေး..
ငါပြန်ငယ်သွားတာလား...
ဝတ်ထားတဲ့ ဝတ်စုံက ကျောင်းဝတ်စုံ.. ၊ မယုံကြည်နိုင်အောင်စွံ့အ နေခဲ့တယ်..
ငါသေသွားပြီမဟုတ်ဘူးလား ဟုတ်ပါတယ် ငါ.. ငါကိုယ်တိုင် သတ်သေခဲ့တာပဲကို..
ဒါဆို ငါပြန်ပြီးမွေးဖွားလာတာလား...။
" ဟေ့ကောင်..ရှောင်းကျန့်..၊ ဘာတွေတွေးနေတာလဲ ဗိုက်ဆာနေပါပြီဆိုမှကွာ..မြန်မြန်လာ မုန့်သွားစားရအောင်..''
ကောင်လေးတစ်ယောက် လာခေါ်မှ ရှောင်းကျန့် သေချာကြည့်မိတယ်...
" ဝမ် ဝမ်ကျိုးချန်.."
ဟုတ်တယ် မိမိရှေ့က ကလေးက ကျိုးချန်မှကျိုးချန်ပါပဲ..
အမေဖြစ်သူရဲ့စနက်တွေကြောင် မိမိကိုယ်တိုင် ရက်ရက်စက်စက် သတ်ပြစ်မိခဲ့တဲ့ ကျိုးချန်..၊ ဒါတောင် ရှောင်းကျန့်ကို နောက်ဆုံး အချိန်ထိ ခွင့်လွှတ်တယ်ပြောသွားခဲ့သေးတာ..။
အရှေ့မှာ မျက်ရည် အဝိုင်းသားနဲ့ မိမိကို ကြည့်နေသော ရှောင်းကျန့်ကြောင့် ကျိုးချန် ကြောင်အနေမိတယ်..
" ဘာဖြစ်လို့လဲ..မင်းကို ဘယ်သူဘာလုပ်လို့လဲ ငါ့ကိုပြော..''
ကျိုးချန်က အ့လို လူမျိုး ၊ အရင်ဘဝမှာ ကျိုးချန်ကိုသာ မသတ်ခဲ့ရင် ရှောင်းကျန့်က သူ့အတွက် အရေးပါတဲ့သူငယ်ချင်းဖြစ်နေဦးမှာ..၊ ဒါပေမယ့် ရှောင်းကျန့် မှားခဲ့တယ်..။
ဒီတစ်ကြိမ်တော့ ငါမင်းကို ကာကွယ်ပေးမယ် ကျိုးချန်..
မျက်ရည်တွေကိုဖိသုတ်ရင်း..
YOU ARE READING
FanfictionZawgyi ငါ့အမှားတွေ ပြန်ပြင်နိုင်မယ့် ဒုတိယအခွင့်အရေး.. ဟုတ်တယ် ငါပြန်လည်ရှင်သန်လာပြီ..။ Unicode ငါ့အမှားတွေ ပြန်ပြင်နိုင်မယ့် ဒုတိယအခွင့်အရေး.. ဟုတ်တယ် ငါပြန်လည်ရှင်သန်လာပြီ..။