Chapter -7,လြမ္းတယ္ ge (လွမ်းတယ် ge)
14.3K 1.5K 5
သောင်းကြမ်းနေတဲ့ သားကို ဝမ်းလုကျိုးး မနိုင်တော့ ။ရှောင်းကျန့်ကိုမတားရကောင်းလားဆိုပြီး မိမိတင်မကပဲ အိမ်က အစေခံ ၊ ကိုယ်ရံတော်တွေကိုပါ အပြစ်တင်နေလေတယ်။
ကျောင်းကပြန်ရောက်ကတည်းက ge ge ရေဆိုပြီး ပြေးဝင်လာတဲ့သားငယ် သူ့အဖေကို တောင်မမြင်တော့ ။
ဒီကလေးက ရှောင်းကျန့်လေးကိုတော့ တကယ်တွယ်တာလွန်းတာ..။
ဘေးနားက ကိုယ်ရံတော်တွေခမျှလဲသူတို့သခင်လေးကိုကြည့်ပြီး ခေါင်းသာခါနေကြရတယ်...
ဒီအကိုလေးက တစ်ဇွတ်ထိုးလေးပဲ.
" ငိုမနေပါနဲ့ သားရယ် တော်ကြာ ကျန့်ကျန့်လေးသိရင်ဘယ်စိတ်မကောင်းဖြစ်နေလိမ့်မယ် သူ့ကြောင့် သားငိုတယ်ဆိုပြီး..''
ရှောင်းကျန့်နဲ့ခြိမ်းခြောက်တော့မှ မျက်ရေတွေဖိသုတ်နေတဲ့ရိပေါ်လေး..
ဒီကလေးနှစ်ယောက် ရဲ့ သံယောဇဉ် ကလုကျိုးထင်တာထက် ပိုကြီးမားတာပဲ..။
" ပါပါးက ge ကိုဘာလို့မတားရတာလဲ ''
" သားရဲ့ ge ge က ငယ်တော့တာမဟုတ်ဘူးလေရိပေါ်ရဲ့သား ge ရဲ့အသက်က 18 တောင်ဖြစ်နေပြီ သူ့မှာကောင်မလေးရှိရင်တောင်ရှိနေမှာ ဒါကို ပါပါးတို့မှာ တားခွင့်မှမရှိပဲ ကလေးရဲ့..သူ့လမ်းကို သူကိုယ်တိုင်ပဲရွေးချယ်ပါစေ ကွာ..''
ပါးပါးက တော့ ရိပေါ်ကိုနှစ်သိမ့်လိုက်တာပဲ..
ဒါပေမယ့်ဒီနှစ်သိမ့်မှုက ရိပေါ်ကို ကမ္ဘာပျက်စေတယ်..
ge ge မှာရည်းစားရှိနေပြီလား..၊ အ့လိုဆိုရင် ge geက ရိပေါ်ကို အချိန်ပေးတော့မှာမဟုတ်ဘူး..၊ ge ge က ရိပေါ်ဆီက အပြီးပိုင်ထွက်ပြေးတော့မှာလား ၊ ဒီလိုတွေးမိတော့ ရိပေါ် ကြက်သီးတွေတောင်ထတယ် ၊ ကြောက်တယ်..ge ge ရိပေါ်ဆီက ထွက်သွားမှာ ရိပေါ်ကြောက်တယ်..၊နောက်ပြီး ge ge ကိုတခြားသူနဲ့ မျှ ပြီးမချစ်ချင်လောက်အောင် ရိပေါ်တစ်ယောက်တည်းပဲ..ဟုတ်တယ် ရိပေါ် တစ်ယောက်တည်းပဲ ချစ်ချင်တာ ၊ ပိုင်ချင်တာ..။
ရိပေါ် ရင်ထဲက ဖြစ်နေတဲ့ ပိုင်ဆိုင်လိုစိတ်ကို ရိပေါ်ကိုယ်တိုင်တောင်သဘောမကျဘူး ဒါပေမယ့် ပိုင်ဆိုင်ချင်တဲ့သူက ge ge ဖြစ်နေတဲ့အခါ ဒီခံစားချက်ကို မနှစ်မြို့ပေမယ့် နှင်မထုတ်ချင်ပြန်..။