14K 1.2K 25
ဒီနေ့ဖြတ်သန်းရတဲ့ မနက်ခင်းဟာ အရင်အချိန်တွေနဲ့မတူပဲ အထူးအဆန်းသာယာနေခဲ့တယ် ။ မျက်လုံးနှစ်လုံးစဖွင့်တာက ညကအဖြစ်အပျက်တွေက တန်းစီပေါ်လာလို့ ခြုံထားတဲ့စောင်ထဲခေါင်းတိုးပြီး ဝှက်ထားရသေး။ တံတားပေါ်က အဖြစ်အပျက် နောက်ပြီး ဝမ်အိမ်တော်အထိ ရောက်ဖို့မစောင့်နိုင်တဲ့ ဝမ်လေးက နီးစပ်ရာ hotel ကိုမောင်းခဲ့တယ်လေ။
တစ်ညလုံးစဉ်းစားခဲ့တာက ဒီဝမ်လေးက ငါ့ဝမ်လေးမဟုတ်ဘူးဆိုတာပဲ..။ ကြမ်းလိုက်တဲ့ကလေး....
ရှောင်းကျန့်အထဲကို မြန်ဆန်တဲ့ ထိုးသွင်းချက်တွေနဲ့ အဆက်မပြတ်ဝင်ရောက်လာတဲ့ ဒီကလေးရဲ့ဟာ က အထင်သေးလို့မရဘူးပဲ.. ။ ရှောင်းကျန့် ၂ ခါ ပြီးသွားပေမယ့် ဒီကလေးက တစ်ခါတောင်မပြီးသေးဘူးလေ.. ၊၊
ဝမ်လေးက F မြို့တော်မှာ ဘာတွေစားထားလို့ ဒီလောက်သက်လုံကောင်းနေရတာလဲ..။ မခံနိုင်တဲ့အဆုံး ငိုယိုတောင်းပန်ခဲ့ပေမယ့် ဒီတစ်ခါနောက်ဆုံးပဲ ge ဆိုတဲ့စကားနဲ့တင် အခုတော့မိုးလင်းသွားလေရဲ့.. ။
ဖြစ်ခဲ့သမျှ တွေးမိတော့ အခုမှ ရှက်ရကောင်းမှန်းသိတယ်။
ခါးအထက်က တင်းကျပ်စွာ ဖက်တွယ်ထားတဲ့ လက်လှလှ ကလေးကို ဖြည်းဖြည်းချင်းဖြုတ်တော့ ကလေးငယ်က မလွှတ်တဲ့အပြင်ပိုတောင်တင်းကြပ်လာသေးတယ်..။
ဒီထက်ပို လှုပ်လှုပ်ရှားရှား လုပ်မိတော့ အောက်ပိုင်းဆီက စူးခနဲနာကျင်မှု ၊ ခပ်သေးသေးညည်းသံထွက်မိတော့ ဝမ်လေးက ကြားသွားတယ်ထင်ပါရဲ့ အိပ်နေရာကနေဆက်ခနဲ့
" ge နာလို့လား ''
" အော် ကျေးဇူးရှင် ၊ တညလုံးအလုပ်ခံထားရတာလေ မနာပဲနေမလား ''
ရှောင်းကျန့် မျက်စောင်းထိုးပြီးပြောတော့ ရိပေါ်ကရယ်တယ်။
ဟုတ်တယ်လေ ညကသူဘလောက်ကြမ်းလဲ သူသိတာပေါ့ ။
Ge ကိုမနာကျင်စေလိုပေမယ့် ဒီသာယာမှုက ရိပေါ်အတွက်အထွတ်အထိပ်ပဲ၊ မိမိအောက်မှာ ရှိနေတဲ့ ge ရဲ့ နာကျန်ဟန် ၊ သာယာဟန် ပြီးတော့ '' ဝမ်လေး '' ဆိုပြီးငြီးညူနေတဲ့ ge ရဲ့အသံ ကြောင့် ရိပေါ်ဟာ ရနေတာထက်ပိုလိုချင်လာတယ် ။ ဆန္ဒတွေမပြည့်ဝသေးပေမယ့် ပင်ပန်းလို့ အိပ်ပျော်သွားတဲ့ ge ကြောင့် ကျန်ရှိနေတဲ့ ပြသနာကို ကိုယ့်ဘာသာ ဆက်လက်ဖြေရှင်းရသေးတယ်..။