Chapter -4,အဖိုးတန် ခြေသလုံးလေး(အဖိုးတန် ခြေသလုံးလေး)
16K 1.7K 24
ဘာမှမစားသေးပဲ ထမင်းပန်ကန်ကို ထိုးဆွနေသောရိပေါ်..
မိမိကိုလဲ အခုထိ စကားမပြောပဲ နှုတ်ခမ်းကြီးဆူလို့ တစ်ခုခုကို အလိုမကျတဲ့ပုံ..။
" ရိပေါ် အရွက်ကြော်များများစား ''
ရိပေါ် ပန်းကန်ထဲ အရွက်ကြော် ထည့်ပေးတော့..
မျက်လုံးလှန်ကြည်တဲ့ကောင်လေး...
" ge ''
ရိပေါ် အလိုမကျစွာခေါ်တော့..ge ge '' ဟင် '' ဆိုပြီးမေးဆတ်ပြတယ်..
" ခုနက အကိုက ge ပေါင်ကို ဆိတ်ဆွဲတာ ge ကဘာလို့ရယ်နေတာလဲ..၊ သူ့ကို စိတ်ဆိုးပြီး ပြန်လုပ်ရမှာ မဟုတ်ဘူးလား..''
အရ် ရိပေါ် အဲ့အချိန်ကတည်းက အခန်းပြင်မှာ ရှိနေတာလား..။
နေပါဦး..။ ဒါကြောင့် ဒီကလေးက စိတ်ဆိုးနေတာလား..။
" အဲ့တာ ကျိုးချန်တဲ့ရိပေါ်လေးရဲ့..၊ ge ge သူငယ်ချင်းလေ.''
" ge ge..!!! မနက်က ပြိုင်တာ ကျွန်တော် နိုင်သွားတယ်လေ..အဲ့တော့ ge ge ကို ကျွန်တော်ပိုင်ပြီမဟုတ်ဘူးလား..ge ge ကို သူများတွေ ထိစရာမှမလိုတော့ပဲ..''
မိမိရှေ့မှာ စိတ်တိုနေတဲ့ ရိပေါ်ကြောင့် ရှောင်းကျန့် ဘာပြောရမှန်းတောင်မသိတော့..၊ ရိပေါ် မိမိအပေါ်အရင်ထက် တွယ်တာလွန်းတာသိပေမယ့် ဒီလောက်ထိဖြစ်လိမ့်မယ်လို့ တော့ရှောင်းကျန့်မထင်ထားခဲ့..၊ ရှောင်းကျန့်ကို သူ့အပိုင်လို သဘောနဲ့ပြောနေတဲ့ရိပေါ်..၊ အနာဂတ်မှာ ရိပေါ်လေးကသာ gay တစ်ယောက်ဖြစ်ခဲ့ရင် ရှောင်းကျန့် ရွေးချယ်မိမယ်ထင်တယ်..၊ ဒါပေမယ့် ရိပေါ်က အတိတ်ဘဝကတည်းက အဖြောင့်စစ်စစ်ကြီး မို့ ဒါဟာ ရှောင်းကျန့်ရဲ့အတွေးသက်သက်သာ
နောက်ပြီး ရိပေါ်က အရည်အချင်းရှိတဲ့သူမို့ အဆင့်အတန်းမြင့်တဲ့ အိမ်တော်က မိန်းကလေးနဲ့ ယူပြီး မိသားစု ဆိုတဲ့ဘဝကို အပြည့်အဝ ပိုင်ဆိုင်သင့်သေးတယ်..။ မိမိကြောင့် ကလေးငယ်ရဲ့ တက်လမ်း ပိတ်မှာလဲ ရှောင်းကျန့်မလိုလား..။
9 နှစ်ဆိုတဲ့ ရိပေါ်အရွယ်ဟာ မေ့လွယ်တတ်တဲ့ ကလေးသာသာ ဖြစ်လို့ ရိပေါ်လေး စကားကို ရှောင်းကျန့် '' ဟုတ်ပြီ ''