နတ်ဆိုး-1

8.6K 454 34
                                    

နတ်ဆိုး

@@@@

အခန်း(၁)

အိမ်ထဲကို ခြေလှမ်းချလိုက်တာနဲ့ လူမနေသော အနံ့အသက်က အောက်သိုးသိုး၊ ဒီအိမ်က တကယ်ကို ဟောင်းနွမ်းနေတာပဲ၊ လူနေဖို့တောင် သင့်ပါ့မလား၊ ဒါပေမယ့် ဒီလိုအတွေးတွေ ကျွန်တော့်မှာ တွေးဖို့ အခွင့်အရေးမရှိဘူး၊ ထပ်ပြီးတော့လည်း ရွေးချယ်နေဖို့ အခွင့်အရေး ကျွန်တော့်မှာ မရှိဘူး။

ဒီနှစ်တွေမှာ ကျွန်တော်အတွက် ကံမကောင်းခြင်း လက်ဆောင်ကို ဘယ်သူက ဖန်ဆင်းပေးလိုက်မှန်း မသိပေမဲ့ လုပ်နေတဲ့အလုပ်က တရားဝင် ရပ်ဆိုင်းလိုက်ရတယ်။ အလုပ်လက်မဲ့ ဖြစ်သွားခြင်းသာမက တစ်နှစ်လောက် အချိန်ပေးပြီး ချစ်ခဲ့တဲ့ချစ်သူက ကျွန်တော်ကို သိပ်ပုံတုံးလွန်းသည် ဆိုသော အကြောင်းပြချက်နှင့် လူရာမဝင်ဘူးလို့ ဝေဖန်ပြီး အပြီးတိုင် စွန့်ခွာသွားတယ်။

အဆိုးဝါးဆုံး ကံဆိုးခြင်းက ကျွန်တော် လက်ရှိနေနေသော အိမ်ကိုရောင်းပြီး မြို့ငယ်လေးတစ်မြို့ရဲ့အစွန်က အိမ်မှာ ပြောင်းရွေ့နေထိုင် ရတာပါပဲ။ အိမ်ကဝင်လိုက်တာနဲ့ အရင်ဆုံး တောကြီးတစ်ခုထဲကို ဝင်လိုက်ရသလို ခံစားချက်က လူကို အနေအထိုင် အေးစိမ့်သွားစေတယ်။

အိမ်ပုံစံအရတော့ ရှားပါးသော နေအိမ်မျိုးဖြစ်တယ်။ သစ်ပင်ကြီးများနှင့် နေပျောက်မထိုးအောင် အုံ့ဆိုင်းနေတယ်။ ဒါပေမယ့် နေအိမ်တစ်ခုလုံးကို မှုန်မှိုင်းစေသော ခံစားချက်က ဖြစ်ပေါ်လာစေတာ မသိမသာလေးမဟုတ်၊ ပြီးတော့ ခြုံနွယ်တွေ ထူထပ်နေတာ မဟုတ်ပါပဲနှင့် သစ်ပင်ကြီးများမှ ကျဆင်းနေသော နွယ်တုတ်တုတ်တို့ ရှိနေတာကလည်း မနှစ်မြို့စရာ။

လက်ထဲမှာရှိတဲ့ငွေနဲ့ ဆိုရင်တော့ ဒီအိမ်လောက်ပဲ ရနိုင်တော့သည်မို့ စောဒကတက်စရာ မရှိတော့ပါ။ ခြံဝင်းထဲမှာ သစ်ပင်တွေ မြောက်များစွာ ရှိနေတာက အရိပ်ရပေမဲ့ တစ်ယောက်တည်းဆိုတဲ့ အချိန်မှာ ဒါက ခြောက်ခြားစရာ ကောင်းနေသလို ခံစားချက်က သွေးရိုးသားရိုးလား၊ ဒါမှမဟုတ် တစ်ခုခုကြောင့်လား ဆိုတာ ကျွန်တော်မသေချာ။

Devil (နတ်ဆိုး)Where stories live. Discover now