နတ်ဆိုး-4

2.9K 380 44
                                    

နတ်ဆိုး

@@@

အခန်း-၎

ကျွန်တော် ရေချိုးခန်းထဲကို ပြေးဝင်လိုက်ပြီးမှ သွေးတွေကို သန့်စင်လိုက်တယ်။ ခြေထောက်က အနာကို ပတ်တီးဖြူဖြူနဲ့ သေချာစွာ စည်းနှောင်လိုက်ပြီးမှ ဘွတ်ဖိနပ်ကို စွပ်ချလိုက်တယ်။ လက်က အနာကိုလည်း ပတ်တီးလဲလိုက်ပြီးမှ ခေါင်းမှာလည်း ပတ်တီးစည်းလိုက်ကာ လျှာထိုးဦးထုတ်တစ်လုံး ဆောင်းလိုက်တယ်။

အပေါ်ကနေ ကျာကင်အနက်တစ်ထည်ကို ဝတ်လိုက်ပြီး မည်သည့် ပစ္စည်းကိုမှ မယူပဲနဲ့ ပိုက်ဆံအိတ်တစ်လုံးတည်းကိုသာ ယူလိုက်ကာ အဝေးပြေး ကားဂိတ်သို့ ဝေလီဝေလင်းမှာပင် ထွက်လာ ခဲ့လိုက်တယ်။ ဒီအခြေအနေမှာ ကျွန်တော်ဟာ တခြားသော ပစ္စည်းတွေကို မတပ်မက်နိုင်ဘူး။

ကျွန်တော် မသေသေးခင်မှာ ဝေးနိုင်သမျှ ဝေးဝေးကို ထွက်သွားရမယ်။ ရရာကားနဲ့ တက်လိုက်သွားမယ်လို့ တွေးလိုက်ပြီးမှ အဝေးပြေး ကားကွင်းကို ရောက်တော့ ကားလက်မှတ်တစ်စောင် မှာလိုက်တယ်။ ကံကောင်းစွာနဲ့ မိုးမလင်းခင်မှာ ကားတစ်စီး ထွက်ဖို့ ရှိနေတယ်။ ကားကအသေးမို့ လူလေးဦးသာ ပါမယ်လို့ ပြောတယ်။

ကျွန်တော် ချက်ချင်း ကားလက်မှတ်ကို ယူလိုက်ပြီးမှ ကားက လူတွေ လိုက်ခေါ်တာကို စောင့်နေလိုက်တယ်။ ခနကြာတော့ အနည်းငယ်အေးတဲ့ ရာသီဥတုမှာ ကျွန်တော့်ကို ရေနွေးတစ်ခွက် ပေးသောက်တယ်။ ကျွန်တော် ရေနွေးသောက်ပြီးတော့ ကားလာတော့မလားလို့ မေးလိုက်မိတယ်။

'လမ်းမှာ လာနေပြီ ဒီမှာ ဂိတ်ကနေ ပစ္စည်းနည်းနည်း တင်ပြီးရင် ကားထွက်တော့မှာ အပေါ့အပါးသွားချင်တယ်ဆိုရင် အခုသွားလိုက်လေ'

ဂိတ်တာဝန်ခံမှ ပြောလာတဲ့ စကားကို နာခံစွာနဲ့ ကျွန်တော် ကားကွင်းအတွင်းက တွိုင်းလက်ဆီသို့ ဦးတည်လိုက်တယ်။ ဝင်ခ တစ်ရာပေးရမည် ဆို၍ တစ်ရာတန်မရှိတာကြောင့် အကြွေအအမ်းကို စောင့်ပြီးမှ အထဲသို့ ဝင်လာခဲ့တယ်။ ရှင်းသန့်နေတဲ့ ကားကွင်းရဲ့တွိုင်းလက်ဟာ အသစ်ပြုပြင်ထားမှန်း သိသာစေတယ်။ မှန်လေးချပ် ကပ်ထားတဲ့အရှေ့က တွိုင်းလက်ခန်းထဲကို ဝင်ပြီး ကိစ္စကို ရှင်းလိုက်ပြီးမှ ပြန်ထွက်လာတော့ မီးရောင်တွေဟာ မှိန်ဖျော့နေသလို ခံစားချက် ဝင်မိတယ်။

Devil (နတ်ဆိုး)Where stories live. Discover now