နတ်ဆိုး
@@@
အခန်း(၂)
ကျွန်တော် အသိပြန်ဝင်လာတော့ ဇေယျာက ကျွန်တော့်ဘေးနားမှာ ဖြစ်တယ်။ ကျွန်တော့်နဖူးတွင် ပတ်တီးစီးထားပေးတယ်။ သတိမမေ့သွားခင်က အဖြစ်အပျက်ကို ပြန်သတိရမိတော့ ကျွန်တော် လဲအိပ်နေရာမှ ဆတ်ခနဲ ထထိုင်လိုက်လေတယ်။
‘အိမ်ထဲမှာ ငါတို့အပြင် တခြားတစ်ခုခု ရှိနေတယ်’
ကျွန်တော် ပြောလိုက်တာကို ဇေယျာက အနည်းငယ် မျက်နှာပျက်သွားတယ်။ ကျွန်တော့်ကို ပြန်လဲချစေလိုသော ဟန်ပန်ဖြင့် ဖိချတော့မလို ကုန်းကွလျက် နေရင်းက ဘယ်နေရာကိုမှလည်း မထိသေးပဲ အပြစ်တင်စကားကို အရင်ဆိုတယ်။
‘ရေချိုးပြီးတာကို ရေသေချာမသုတ်ပဲနဲ့ လျှောက်သွားရသလား ချီလီ မင်းလုပ်တာ ဓာတ်ပုံတွေလည်း ကွဲကုန်ပြီ’
ကျွန်တော် စားပွဲပေါ်မှာ ထောင်ထားတဲ့ ဓာတ်ပုံတွေကို ကြည့်မိတော့ ဓာတ်ပုံတွေက ကြမ်းခင်းမှာ မွစာကျဲလျက်ဖြင့် ခုံလေးကလည်း ထိုအနားတွင် လဲကျနေလေတယ်။
‘မဟုတ်ဘူး ဇေယျာ တစ်ယောက်ယောက်က ငါ့ကို ဒုက္ခဖြစ်စေချင်နေတယ်၊ ဒီအိမ်ထဲမှာ ရှိတယ်’
‘မင်း စိတ်စွဲမိနေတာ တစ်ခုခု ရှိနေတာလား၊ မင်း ရည်းစားနဲ့ ပြတ်သွားတာကို ဒီလောက်ထိ မခံစားနဲ့လို့ ငါပြောနေတာကို’
‘မဟုတ်ဘူး!!’
ကျွန်တော် အော်ပစ်လိုက်တော့ ဇေယျာက ပြောလက်စကို ရပ်ပစ်လိုက်ပြီးမှ ကျွန်တော့်ကို ကြည့်လာတယ်။ ကျွန်တော် ကူကယ်ရာမဲ့စွာ မျက်ရည်တွေပါ လည်လာတယ်။
‘ခုနတုန်းက ငါသေတော့မလို့၊ ငါ တိုက်ခိုက်ခံရတာ’
ဇေယျာဟာ ကျွန်တော် ပြောတာကို မယုံဘူး။ ကျွန်တော့်ကို စိတ်ကယောင်ခြောက်ခြား ဖြစ်နေတဲ့လူဆိုတဲ့ အကြည့်မျိုးနဲ့ ကြည့်လာတယ်။ ကျွန်တော် ထပ်ပြောလိုက်တယ်။
‘ငါချော်လဲတာ မဟုတ်ဘူး၊ ငါ ရေလည်း မချိုးရသေးဘူး၊ ပြီးတော့ ငါက တိုက်ခိုက်ခံရတာ ဒီမှာဒဏ်ရာတွေ ရှိတယ်’
YOU ARE READING
Devil (နတ်ဆိုး)
Horrorမိသားစုက ပစ်ပယ်ခံရတဲ့ သား ဖြစ်တဲ့ ချီလီဟာ မြို့ငယ်လေး တစ်ခုက အိမ်တစ်လုံးကို ဝယ်ယူမိသွားပါတယ်။ သူ့ကံဆိုးမှုက အဲ့ဒီကနေ စတင်ခဲ့မှာ ဖြစ်ပြီး အဲ့ဒါကို သူ ဘယ်လို တုန့်ပြန်မလဲ ဆိုတာနဲ့၊ သူ ရင်ဆိုင်နေရတာက ဘာလဲ ဆိုတာကို ကြည့်လိုက်ရအောင်..၊