နတ်ဆိုး-3

3K 363 17
                                    

နတ်ဆိုး
@@@

အခန်း-၃

‘ရပါတယ် ငါတစ်ယောက်တည်းဆိုလဲ နေသားကျသွားမှာပါ ငါတစ်ခုခုလုပ်ဖို့ အစီအစဉ်ရှိမှပဲ ဖုန်းဆက်လိုက်မယ်’

လိုနိုင်မည့် ပစ္စည်းတချို့ကို ကျောပိုးအိတ် အသေးလေးထဲသို့ ထည့်လိုက်ရင်း ကျွန်တော်ပြောတော့ ဇေယျာက လုပ်လက်စတွေကို ရပ်လိုက်တယ်။ အနားသို့ တိုးကပ်လာပြီး မချင့်မရဲနဲ့ ဆိုတယ်။

‘မင်းမေ့သင့်တာကို မေ့ထားလိုက် ချီလီ မင်း အဲ့လိုမလုပ်ဘူးဆိုရင် မလိုလားအပ်တာတွေ ဖြစ်လာလိမ့်မယ်’

အဲ့ဒီ ဘာမှန်းမသိတာကို ဇေယျာသိအောင် လုပ်ဖို့ ကျွန်တော် မကြိုးစားမိတော့ပေ။ ဇေယျာ စိတ်သက်သာစေရန်သာ ခေါင်းညိတ် ပြလိုက်မိတယ်။ ဒီသူငယ်ချင်းက ငယ်ကတည်းက ချီလီအတွက် ဆွေမျိုးထက် ရင်းနှီးသူ၊ အမြဲတမ်း နောက်ဆုတ် ထွက်ပြေးဖို့ နောက်ပြန်လှည့်မိတိုင်းမှာ လက်ကမ်းပေးဖို့ ရှိနေတဲ့ တစ်ဦးတည်းသောသူ၊

ယခု လက်ရှိ အသက် နှစ်ဆယ့်ငါးကျော်တဲ့အထိ ဇေယျာရေလို့ ခေါ်လိုက်တိုင်းမှာ အကြောင်းပြချက်မရှိပဲ အနားသို့ ရောက်လာပေးသောသူ၊ အဆင်မပြေမချင်း အနားကနေ ထွက်ခွာသွားဖို့ကို ငြင်းဆန်တတ်သူ၊ အဲ့လိုလူ တစ်ယောက်ရှေ့မှာ ကျွန်တော် အဆင်မပြေပါဘူး ဆိုတာကို ပြောမထွက်နိုင်ပေ။

‘ငါအဆင်ပြေမှာပါ ဒီမြို့လေးက ငါ့အတွက် နေရာကောင်းတစ်ခု ဖြစ်လာမှာပါ’

မြို့က ခပ်ငယ်ငယ်မို့ အဆောင်ဆိုတာမျိုး မရှိတာကြောင့် အိမ်ငှားဖို့ကိုသာ ဦးစားပေးလိုက်ရတယ်။ တစ်ရက်အတွင်းမှာပဲ လူနေအိမ်ငယ်လေး တစ်လုံးကို ငှားယမ်းလိုက်ပြီး ပစ္စည်းတွေ ရွေ့ဖို့ကိုတော့ နောက်မှ ပြန်စီစဉ်မည်ဟု ဆိုတယ်။ ဇေယျာက စိတ်မချရသေးလို့ မထွက်သေးပဲ စောင့်ပေးမယ်လို့ ဆိုပေမယ့် ခေါ်သူက ခေါ်နေပြီဆိုတဲ့အကြောင်း ကျွန်တော် သတိပေးရတယ်။

‘ဇေယျာ မင်းမမက ခေါ်ထားတယ်ဆို ခရီးဆိုတာထက် ဘာလဲ ဆိုတာကို မင်းရော ငါရော နားလည်နေတာပဲ’

ဘာရယ်မှ မဟုတ်သော်လည်း ဇေယျာရဲ့မမက ကျွန်တော်နဲ့ဆို ဇေယျာကို စိတ်မချနိုင် ဖြစ်တတ်တာ အစဉ်မြဲ၊ နှုတ်ကနေ ဖွင့်ပြောလား မပြောလား မသိပေမယ့် ကျွန်တော့်ကိုတော့ ဘာမှလာမမေးဖူးသလို ဘာဆိုဘာမှလည်း မပြောပြဖူးပေ။

Devil (နတ်ဆိုး)Où les histoires vivent. Découvrez maintenant