နတ်ဆိုး
@@@
အခန်း-၇
ရက်တချို့ကို အတူတူ ဖြတ်သန်းပြီးနောက်မှာတော့ အဲ့လူက သိပ်ပြီးတော့ အခြေအနေ မဆိုးတာကို သိရတယ်။ သူမကြိုက်တာကို မပြောရင် မလုပ်ရင် ကျွန်တော်က ဘေးကင်းတယ်။ ဥပမာအရ ထွက်ပြေးတာမျိုး၊ ကျွန်တော့် သိုင်ရာမဟုတ်ဘူ ဆိုတဲ့ အငြင်းစကားနဲ့၊ လူးဝစ်အကြောင်း မေးတာတွေကို မလုပ်ရင် ကျွန်တော် ထိခိုက်ဒဏ်ရာမရဘူး။
တစ်ခုကတော့ ကျွန်တော်အိပ်ချင်ချင် မအိပ်ချင်ချင် အိပ်ရတယ်။ ကျွန်တော်နိုးလာတိုင်းမှာ နေဝင်ချိန် ဖြစ်နေတယ်။ ထပ်ပြီး ကျွန်တော် ပြန်အိပ်ရတဲ့အချိန်က မိုးသောက်လုအချိန် ဖြစ်တယ်။ လူးစီယက်စ်ဆိုတဲ့လူက အိပ်လား မအိပ်လားတော့ ကျွန်တော်လည်း မသိဘူး။
တစ်ခုရှိသေးတယ်။ သူက ကျွန်တော့်ကို သူချစ်တဲ့အမျိုးသမီးလို့ တရားသေ သတ်မှတ်ထားတဲ့အတွက် ကျွန်တော်ခံစားရတဲ့ ဒုက္ခရှိသေးတယ်။ သူက ကျွန်တော့်ကို အသားယူတယ်။ တစ်ခါတစ်လေကျတော့ နူးနူးညံ့ညံ့ပဲ၊ တစ်ခါတစ်လေကျတော့ ကြမ်းတမ်းတယ်။
ကျွန်တော် မဖြေနိုင်တဲ့ ပေါက်ကရမေးခွန်းတွေလည်း မေးတတ်သေးတယ်။ ကျွန်တော့်ကို ကလေးမမွေးချင်ဘူးလား ဆိုတဲ့ မေးခွန်းကို ရုပ်တည်ကြီးနဲ့ မေးတာမျိုး၊ ကျွန်တော် ပြန်မဖြေတော့ သူက ဒေါသထွက်တယ်။ ကျွန်တော်က အမျိုးသားတစ်ဦးဖြစ်တာကြောင့် ကလေးမွေးလို့ မရနိုင်ဘူးဆိုတာကို လက်မခံဘူး။
သူ့ကလေးကို မမွေးပေးချင်ပဲနဲ့ လူးဝစ်ရဲ့ကလေးကိုကျတော့ မွေးပေးချင်ခဲ့ပါတယ်လို့ စတင်စွပ်စွဲပြီး ကျွန်တော့်ကို တိုင်မှာ ချည်ထားတယ်။ ပြီးတော့ သူစိတ်တိုင်းကျ ရိုက်နှက်တော့တာ ဖြစ်တယ်။ အဲဒီလိုအချိန်တွေကျတော့ ထွက်ပြေးဖို့ကို ပြန်ပြီးတော့ အမှတ်ရမိတယ်။ သူက လူလား၊ ဒါမှမဟုတ် ဘာလဲ ဆိုတာကို ကျွန်တော် အဖြေမရဘူး။
ကျွန်တော်တစ်ကိုယ်လုံး ကြာပွတ်ရာတွေနဲ့ သွေးချင်းချင်း နီနေတယ်။ နာကျင်မှုဆိုတာ အထပ်ထပ်အခါခါ ကျရောက်လာခဲ့တဲ့ ကြာပွတ်ရိုက်ချက်တွေကြားမှာ ထုံကျင်နေခဲ့တယ်။ ကျွန်တော့်ကို တိုင်မှာ ချည်ထားတဲ့ဆီကနေ ဖြုတ်ချလိုက်တော့ ကြမ်းပြင်မှာ ခွေခနဲပဲ၊
ESTÁS LEYENDO
Devil (နတ်ဆိုး)
Terrorမိသားစုက ပစ်ပယ်ခံရတဲ့ သား ဖြစ်တဲ့ ချီလီဟာ မြို့ငယ်လေး တစ်ခုက အိမ်တစ်လုံးကို ဝယ်ယူမိသွားပါတယ်။ သူ့ကံဆိုးမှုက အဲ့ဒီကနေ စတင်ခဲ့မှာ ဖြစ်ပြီး အဲ့ဒါကို သူ ဘယ်လို တုန့်ပြန်မလဲ ဆိုတာနဲ့၊ သူ ရင်ဆိုင်နေရတာက ဘာလဲ ဆိုတာကို ကြည့်လိုက်ရအောင်..၊