နတ်ဆိုး
@@@
အခန်း-၅
အိမ်ပြန်လာတာကို ကြိုဆိုပါတယ် ဆိုတဲ့အသံက မသိရင် တရင်းတနှီး နိုင်လွန်းနေလေတယ်။ ကျွန်တော် ခြေလှမ်းတွေ ရပ်သွားမိတယ်။ ကျွန်တော်မမြင်ရတဲ့ တစ်ခုခုက ကျွန်တော့်အနားကို တိုးကပ်လာတယ်။ ကျွန်တော့် ပုခုံးပေါ်မှာ သူ့ခေါင်းကို ဖှေးတင်လိုက်ပြီးတော့ ဆိုလာတယ်။
“အိမ်ထဲမှာ ဖိနပ်မစီးရဘူးလေ၊ ဖိနပ်ချွတ်လိုက်”
ထိုစကားနဲ့အတူ ကျွန်တော့်ကို အနီးဆုံးမှာ ရှိနေတဲ့ မီးလင်းဖိုအနားက ဒရင်းဘတ်ပေါ်ကို တွန်းလှဲချလိုက်တာကို ခံလိုက်ရတယ်။ ရေလှိုင်းလိုမျိုး စကားသံဟာ နီးသွားလိုက် ဝေးသွားလိုက်နဲ့ ဝေဝေဝါးဝါး ရှိစေတယ်။ ကျွန်တော့်ခြေထောက်က ဖိနပ်တွေက ဖြည်းညင်းစွာနဲ့ တစ်စုံတစ်ယောက်က ချွတ်လိုက်သလိုမျိုး ကျွတ်သွားကြတယ်။
ကျွန်တော် ဒရင်းဘတ်ပေါ်ကနေ လူးလဲ ထရပ်ဖို့ ပြင်လိုက်တယ်။ ဒါပေမယ့် အားပါတဲ့ ဖိချထာမှုက ပုခုံးကနေ တစ်ဆင့် တစ်ကိုယ်လုံးကို မလှုပ်ရှားနိုင် ဖြစ်စေတယ်။ ကျွန်တော် ရုန်းကန်နေလဲ အပိုပဲ ဆိုတာကို ကျွန်တော် နားလည်နေပြီ။ အဲဒါနဲ့ပဲ ကျွန်တော် ငြိမ်သက်နေလိုက်တယ်။
“မင်း အများကြီး ပြောင်းလဲသွားတာပဲ၊ မင်း နားလည်လွယ်လာပြီ”
ကျွန်တော် နာနာခံခံပဲ ခေါင်းညိတ်ပြလိုက်တယ်။ အဲဒီအရာရဲ့ ကျေနပ်သွားတဲ့ ခံစားချက်ကို ကျွန်တော်ပါ ထပ်တူ ခံစားမိတယ်။ ဘာလို့မှန်း မသိပဲနဲ့ အဲဒီအရာဆီက ခံစားချက်တွေကို ကျွန်တော်က နားလည်ခွင့် ရနေတယ်။
“လာခဲ့”
အေးစက်စက် လက်တစ်ဖက်က ကျွန်တော့်လက်တွေကို လာပြီးတော့ ထွေးဆုပ်တယ်။ ပန်းချီကားတွေကို နံရံမှာ ဆက်ထားတဲ့နေရာကို ဆွဲခေါ်ခြင်း ခံရတယ်။ ကျွန်တော် သွေးတွေ ရဲနေတဲ့ ပန်းချီကားချပ်တွေကို မကြည့်ချင်ဘူး။ အနီရောင်တွေ အနက်ရောင်တွေ များနေတဲ့ ပန်းချီကားချပ်တွေကို မျက်နှာလွဲမိတော့ မေးဖျားကနေ ဆွဲလှည့်ခြင်းကို ခံရတယ်။
![](https://img.wattpad.com/cover/217429095-288-k691480.jpg)
YOU ARE READING
Devil (နတ်ဆိုး)
Horrorမိသားစုက ပစ်ပယ်ခံရတဲ့ သား ဖြစ်တဲ့ ချီလီဟာ မြို့ငယ်လေး တစ်ခုက အိမ်တစ်လုံးကို ဝယ်ယူမိသွားပါတယ်။ သူ့ကံဆိုးမှုက အဲ့ဒီကနေ စတင်ခဲ့မှာ ဖြစ်ပြီး အဲ့ဒါကို သူ ဘယ်လို တုန့်ပြန်မလဲ ဆိုတာနဲ့၊ သူ ရင်ဆိုင်နေရတာက ဘာလဲ ဆိုတာကို ကြည့်လိုက်ရအောင်..၊