PART.2

2.8K 329 20
                                    

MY BAD BABY BOY (PT.2)

ဒီနေ့နဲ့ဆို Jimin ကျောင်းပြန်တက်တာ 2 ပတ်ခန့်ရှိပြီ။ သို့သော်လည်း သူ့ဇာတိအတိုင်း ကျောင်းလစ်ဖို့လုပ်နေပြန်လေပြီ။

Jimin: ဟျောင့်!!နောက်တစ်ချိန်ဘယ်ဘာသာလဲ?
Jiminတစ်ယောက် သူ့ဘေးမှ Hoseok ကိုမေးလိုက်ခြင်းဖြစ်သည်။

Hoseok: English စာအချိန်လေ...ဘာလို့လဲ?

Jimin: အတန်းလစ်ရအောင်ကွာ...

Hoseok: ဟာ ...မဖြစ်ဘူးကွ ဒီတစ်ခါစာမေးပွဲ မဖြေနိုင်ရင် ငါ့ကိုအိမ်ပေါ်ကနေမောင်းချမှာကွ ငါတော့မလိုက်ဘူး မင်းဟာမင်းသွားချင်ရာသွား

Jungkook: ဟျောင့်!! Hoseok မင်းကလဲကွာ ဖြစ်ပျက်နေလိုက်တာ စာမေးပွဲကလိုပါသေးတယ်ကွ အေးဆေးပေါ့

Hoseok: ဒါပေမဲ့...

Jimin: ဒါပေမဲ့တွေ ဘာတွေလုပ်မနေနဲ့ လိုက်မှာလား မလိုက်ဘူးလား

Hoseok: huu... မင်းတို့က ငါမလိုက်မချင်း အတင်းခေါ်နေမှာ ဆိုတော့ကာ.. လိုက်ရတော့မှာပေါ့လေ

Jungkook: အဲ့လိုလုပ်စမ်းပါ ချစ်သူငယ်ချင်းကြီးကလဲ...

Hoseok's pov: ယုန်စုတ် သူလိုချင်တာ ရသွားတော့ မျက်နှာကဖြီးခနဲပဲ ဟွန့် ....
Hoseok စိတ်ထဲတွင်တော့ Jungkookအားကျိန်ဆဲနေမိသည် နှုတ်ကတော့ထုတ်မပြောရဲပေ.. ပြောလျှင် jungkook လက်ချက်ဖြင့် သူ့မျက်နှာတစ်ခုလုံး ပတ်တီးစီးရလိမ့်မည်။

Hoseok: ဒါဆိုငါတို့ဘယ်သွားမလဲ jimin
Jimin: အင်း ... Club သွားရအောင်
Jimin ကခေတ္တမျှစဉ်းစား၍ ပြောလိုက်သည်။

Hoseok: ဟင်! နေ့လည်ဘက်ကြီးကို club သွားမလို့လား
Jungkook: club က ညမှ သွားလို့ကောင်းတာ jimin ya.. ဒီလိုလုပ် ငါတို့တွေအခု game ဆိုင်သွားပြီးအချိန်ဖြုန်းရအောင် မှောင်လာပြီဆိုတော့မှ club ကိုသွားကြတာပေါ့ ဘယ်လိုလဲ?

Jungkook ကသူစဉ်းစားမိသည်ကို jimin တို့ကိုပြောပြသည်။

Jimin: Ok လေမင်းပြောတဲ့အတိုင်းပဲလုပ်ကြတာပေါ့
Jungkook: အာ့ဆိုသွားရအောင် ခနနေရင် ဆရာရောက်လာတော့မယ်
Jimin, Hoseok: ok... Let's go

At Taehyung Side...
Tae: Jin hYUNG!!! ပြင်လို့မပြီးသေးဘူးလားဗျာ

Taehyung သည် သူတို့သူငယ်ချင်းတွေ အားလုံးပြန်ဆုံပြီးသည့် နောက်တွင် အငယ်တစ်ယောက် ကဲ့သို့ပြန်ဖြစ်သွားကာ Yoongi တို့ကို hyung ဟုခေါ်လာပေသည်။တကယ်လည်း သူကအဖွဲ့ထဲမှာ အသက်ငယ်ဆုံးပင်။

♡MY BAD BABY BOY♡ (Unicode+Zawgyi)Where stories live. Discover now