Part.3

2.4K 280 0
                                    

At Singularity Company...

Knock... Knock...

Tae: ဝင်ခဲ့ .. ဟင် Yoongi Hyung...

Yoongi: ရော့..

ဘုတ်...

Tae: ဒီfileက ဘာလဲ hyung...

Taehyung သူ့စားပွဲပေါ်သို့ yoongi ပစ်တင်ပေးလိုက်သည့် file ကိုကြည့်ရင်းမေးလေသည်။

Yoongi: မင်းနဲ့သက်ဆိုင်လာမဲ့ကောင်လေးရဲ့အကြောင်း

Tae: ဗျာ... hyung ဘာကိုပြောချင် ...

Yoongi: ငါ့ကိုမေးနေမဲ့အစားဖွင့်ကြည့်လိုက် မင်းနားလည်သွားလိမ့်မယ်

Taehyung လည်း yoongi ကိုဘာမှပြန်မပြောတော့ပဲ file ကိုဖွင့်ကြည့်လိုက်သည် fileထဲမှာတွေ့လိုက်ရသည်က ကောင်လေးတစ်ယောက်ရဲ့ ပုံတစ်ပုံနှင့် ကိုယ်ရေးအချက်အလက်တွေဖြစ်နေသည်။

Taehyung လည်း file ထဲကပုံကိုယူပြီးကြည့်လိုက်တော့ အံ့အားသင့်သွားရသည်။ ထိုသူက သူ့စိတ်ထဲမှာ အချိန်ပြည့်နေရာယူထားတဲ့ကောင်လေး... ချက်ချင်းပဲ file ထဲက ကိုယ်ရေးအချက်အလက်တွေကိုယူကြည့်မိသည်။

ကောင်လေးရဲ့ ကိုယ်ရေးအချက်အလက်နဲ့ ပက်သက်ပြီးရေးထားတဲ့ထဲက နောက်ဆုံးစာကြောင်းကို မဖတ်ခင်အထိတော့ သူ့စိတ်တွေကရွှင်လန်းစွာ... ဒါပေမဲ့နောက်ဆုံး စာကြောင်းကိုဖတ်မိတော့ သူချက်ချင်းပဲ ငိုင်သွားရသည် နှုတ်ကနေလည်း တိုးတိတ်စွာရေရွှတ်မိသည်...

Tae: play boy တဲ့လား...

Yoongi: ဘာမှမဖြစ်ခဲ့ကြဘူး..

Tae: ဟင်? ဘာကိုလဲ Hyung...

အစမရှိ အဆုံးမရှိ ပြောလိုက်တဲ့ yoongi စကားကြောင့် သူနားမလည်ဖြစ်သွားရသည်...

Yoongi: သူက play boy ပေမဲ့ သူနဲ့တွဲခဲ့တဲ့ မိန်းကလေးတိုင်းကို လက်ချင်းကိုင်တာကလွဲလို့ ဘာမှမလုပ်ဘူး စိတ်ပူမနေနဲ့ သူ့ရဲ့ first kiss ကို ဘယ်သူမှမရသေးဘူး

Yoongi ပြောလိုက်သည့်စကားကြောင့် Taehyung ရဲ့မျက်ဝန်းတွေက ချက်ချင်းပင် အရောင်ပြန်လဲ့လာသည်။

Tae: တကယ်လား hyung.... သူက ခုထိဘယ်မိန်းကလေးနဲ့မှ အရှုပ်အယှက်တွေမရှိဘူးပေါ့

Yoongi: အင်း... နေပါဦး မင်းကသူ့ရဲ့ first kiss ကို အခြားတစ်ယောက် ယူသွားပြီလားဆိုပြီး စိတ်ပူနေရမှာလေ မင်းက သူတွဲခဲ့တဲ့ မိန်းကလေးတွေနဲ့ကိစ္စကိုပဲ စိတ်ဝင်စားနေတာလား

♡MY BAD BABY BOY♡ (Unicode+Zawgyi)Where stories live. Discover now