Part.13 (Unicode )

1.9K 135 23
                                    

At Los Angeles City..

ကုတင်ထက်မှာ ငြင်သာစွာ အိပ်မောကျနေတဲ့ ကောင်လေးကို သူအကြောင်းမဲ့ ငေးနေမိသည်.. ညနက်လာလေလေ တိတ်ဆိတ်နေတဲ့ အခန်းအတွင်း ကောင်လေးရဲ့ အသက်ရှူသံ မှန်မှန်နဲ့ သူ့နှလုံးခုန်သံတို့က စည်းချက်ညီစွာ ထွက်ပေါ်လာလျက်..

Club မှာ ကောင်လေးလက်ကို ဆွဲပြီးထွက်လာရတဲ့ တခနမှာပဲ သူ့ရင်ထဲ မူမမှန်တဲ့ ခံစားချက်မျိုးကိုရခဲ့သည်

ကားပေါ်မှာလည်း ပြန်လာတဲ့ လမ်းတစ်လျှောက် ငြိမ်သက်နေတဲ့ ကောင်လေးကိုလည်း ခိုးခိုးကြည့်ရတာအမော.. သူ့ဘက်ကစကားစပြောတာတောင် တစ်ခွန်းစ နှစ်ခွန်းစသာပြန်ပြောသည့် ကောင်လေးကြောင့် ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ..

ပြန်လာတဲ့လမ်းမှာပဲ ကောင်လေးက အိပ်ပျော်သွားတာမို့လို့ သူ့အိမ်ကိုသာ ခေါ်လာခဲ့လိုက်သည်..

ခုလည်းကုတင်ထက်မှာ ငြိမ်သက်စွာ အိပ်မောကျနေသည့် သူ့ကို အဓိပ္ပာယ်ဖော်မရသည့် အပြုံးနုနုတို့ဖြင့် ကြည့်နေမိတော့သည်..

JK's pov: မင်းလေးက ပင်ပန်းနေတဲ့ ကိုယ့်ကိုတောင် ပြုံးပျော်အောင်လုပ်နိုင်တယ်..မင်းနဲ့ပက်သက်ပြီး ကိုယ့်ခံစားချက်တွေ မရိုးသားတော့သလို ခံစားနေရတယ် ဘယ်လိုတွေများ ကိုယ့်ကို ဆွဲဆောင်ထားသလဲ..

×××××××××××××××××××××××××××××××

AT Seoul..

TIME_1:30 AM

Mrs. Jung: သား!! HOSEOK  ပြန်လာပြီလား .. ဘယ်တွေများ လျှောက်သွားနေသလဲ သားရယ် အမေတို့ဖြင့် စိတ်ပူလိုက်ရတာ...

Mr. Jung: မျက်နှာလည်းဖြူဖပ်ဖြူလျော်နဲ့ အားမရှိတဲ့ပုံပေါက်နေပါလားသား Appa ကိုပြောပါဦး ဘာတွေဖြစ်လာလဲဆိုတာ..

Hoseok ဆေးရုံကနေ ညတွင်းချင်းပြန်ဆင်းလာပြီး အိမ်ပြန်ရောက်တော့ မနက် 1 နာရီပင်ခွဲနေလေပြီ.. hyung ကတော့ မနက်မှ ဆေးရုံဆင်းဖို့ ပြောပေမဲ့

နဂိုတည်းက ဆေးရုံက ပိုးသတ်ဆေးအနံ့တွေကို မကြိုက်တာကြောင့် ဆေးရုံဆင်းဖို့ ခွင့်ပြုချက်ရသည်နှင့် hyung ကိုအတင်းဂျီကျပြီး အိမ်ပြန်ဖို့ပူဆာခဲ့သည်။

♡MY BAD BABY BOY♡ (Unicode+Zawgyi)Where stories live. Discover now