Part.7

2K 231 24
                                    

Tae: ပြန်လာပြီလား?

အိမ်ထဲကို ခြေချလိုက်သည်နှင့် အေးစက်စွာ မေးလာသော TAEHYUNG ရဲ့အသံကြောင့် JIMIN ရဲ့ ကိုယ်လေးပင် တုန်တက်သွားရသည်။

JIMIN: ပြန်လာလို့ ခင်ဗျား ကျွန်တော့်ကို မြင်နေရတာပေါ့...

Tae: PARK JIMIN!!!!

Taehyung ၏ အော်သံကြောင့် Jimin ဘာလုပ်ရမှန်း မသိအောင်ပင် ကြောက်နေမိသည်။ သို့သော် ထိုလူကြီး ရှေ့တွင်တော့ မကြောက်သည့်ပုံ ဟန်ဆောင်ရပေမည်။ မဟုတ်လျှင် ထိုလူကြီး သူ့ကို အနိုင်ယူသည်ကို တစ်သက်လုံး ခံရပေလိမ့်မည်။

Jimin: ဒီမှာ ခင်ဗျားဘာလို့ ကျွန်တော့်ကိုအော်တာလဲ ကျွန်တော်ပြောတဲ့ထဲ ဒေါသထွက်စေတဲ့ အကြောင်းအရာလည်း တစ်ခုမှပါတာ မဟုတ်ဘူး ခင်ဗျားကျွန်တော့်ကို အော်စရာ အကြောင်းလည်းမရှိဘူး

Tae: Jimin... မင်း... မင်းတော့ကွာ ... ဒါပေမဲ့လည်း ကိုယ့်ကိုစောင့်သင့်တယ်လေ ကိုယ်နဲ့အတူသွားမယ်လို့ ပြောထားတယ်မလား အဲ့တာကို ဘာလို့ ....

Jimin: မသွားချင်လို့...

Taehyung.. သူ့စကားမဆုံးခင် ဖြတ်ပြောလိုက်တဲ့ Jimin စကားကြောင့် စိတ်မကောင်း ဖြစ်သွားရသည်။

Tae: ဘာလို့ ... ကိုယ်နဲ့မသွားချင်ရတာလဲ jimin...

Jimin: ခင်ဗျားနဲ့ သွားရတာ စိတ်ရှုပ်လို့...

သူ့အမေးကို ရုပ်တည်ကြီးနဲ့ ပြန်ဖြေလိုက်တဲ့ jimin ရဲ့စကားကို သူဘာမှပြန်မပြောမိ... အမှန်က မပြောနိုင်တာဆို ပိုမှန်လိမ့်မည်...

Jimin: ဒီမှာ.. ခင်ဗျား ပြောလို့ပြီးပြီလား Kim Taehyung ခင်ဗျာ...

သူ့ကိုခနဲ့ တဲ့ပုံစံနဲ့ ပြောလာတော့မှ taehyung လည်း အတွေးကမ္ဘာထဲကနေ ထွက်လာနိုင်တော့သည်။

Taehyung: ဟင်.. ဘာပြောတာလဲ ကလေး

Taehyung ရဲ့ ကလေးလို့ သုံးလိုက်တဲ့ နာမ်စားကြောင့် သူ့ကို စိတ်ဆိုးပြေသွားပြီမှန်း jimin သိလိုက်သည်။

Jimin's pov: ဒီလိုကျတော့လည်း လူကြီးက ageyo တွေသုံးပြီး ချော့စရာတောင် မလိုဘူးပဲ

Jimin တစ်ယောက်တည်း စိတ်ထဲမှတွေးရင်း ကျေနပ်နေမိသည်...

Jimin: ကျွန်တော်ပင်ပန်းနေပြီ သွားနားလို့ရပြီလား လို့ ခင်ဗျားကို မေးနေတာ

♡MY BAD BABY BOY♡ (Unicode+Zawgyi)Where stories live. Discover now