Part.1

4.7K 332 8
                                    

MY BAD BABY BOY(Part.1)
ကျယ်ဝန်းလှသည့်အိမ်တော်ကြီးထဲ နောက်ဆုံးပေါ် အနက်ရောင် ပြိုင်ကားတစ်စီး ထိုးဆိုက်လာသည်နှင့်အမျှ အိမ်တော်ထိန်းနှင့် maids များအားလုံးရုတ်ရုတ်သဲသဲ ဖြစ်ကုန်သည်။ အကြောင်းမှာJaeju သို့ခရီးထွက်သွားသော သူတို့သခင်လေး ပြန်ရောက်လာခြင်းကြောင့်ပင် ... သူတို့သခင်လေးမှာ တစ်ဦးတည်းသော သားဖြစ်သည့်အလျောက် ဆိုးသည် တဇွတ်ထိုးဆန်သည် မိသားစုနှင့်သူငယ်ချင်းကလွဲရင် ဘယ်သူကို့မှဂရုမစိုက်တတ်တာကြောင့် အားလုံးကကြောက်ရသည်။ တခါတလေတွင် ကလေးကဲ့သို့ ချစ်စရာကောင်းပြီး ရိုးသားဖြူစင်တာကြောင့် အားလုံးကချစ်ရပြန်သည်။
Mr. Park: ပြန်လာပြီလားသား ပျော်ခဲ့ရဲ့လား?
Jimin: Nae.. ပျော်ခဲ့ရပါတယ် appa...
Mr. Park:သားဦးလေးကောကျန်းမာရဲ့လား ?
Jimin: nae..ခုတော့ကောင်းသွားပါပြီ appa သားမရောက်လာခင်ထိတော့ ဦးလေး ကဖျားနေတာ
Mr. Park: ဟုတ်လား ကြည့်ရတာ သားလာမယ်ဆိုလို့ အားပြည့်ပြီး နေပြန်ကောင်းသွားတာပဲဖြစ်ရမယ်..
Jimin: အင်း.. အဲ့လိုပဲဖြစ်မယ်ထင်တယ် appa
Mr. Park: ကဲပါ..သားလည်းခရီးပန်းလာမှာပဲ သွားနားတော့လေ
Jimin: Nae appa...
သူ့နာမည်က jimin... အမေဆိုတာ မြင်တောင်မမြင်ဖူးခဲ့တဲ့ ကောင်လေးတစ်ယောက်ပေါ့.. သူမွေးပြီးပြီးချင်းမှာပဲ သူ့မိခင်ကဆုံးပါးသွားခဲ့တယ် အရင်တည်းက ရောဂါအခံဓာတ်ရှိနေတာမို့လို့ ဆရာဝန်တွေက ကိုယ်ဝန်မဆောင်သင့်ကြောင်းပြောခဲ့ပေမဲ့ လက်မခံပဲ ချစ်ရတဲ့ခင်ပွန်းရဲ့ကိုယ်ပွားကို အသက်နဲ့ရင်းပြီး မွေးဖွားပေးခဲ့တယ် ချစ်ရတဲ့ဇနီးကအသက်ပေးပြီးမွေးခဲ့တဲ့ကလေးမို့လို့ Mr. Park လည်း အတော်ပင် ချစ်ရှာသည် ... အလိုလည်းလိုက်သည်.. သားဖြစ်သူဆိုးသမျှကို မငြီးငြူပဲလိုက်လံဖြေရှင်းပေးသည်။ Mr.park စိတ်ပူသည်ကတစ်ခုတည်း.. သူမရှိတော့ရင် သားလေးဆိုးတာမှန်သမျှလိုက်ဖြေရှင်းပေးမည့်သူ ဂရုစိုက်ပေးမဲ့သူမရှိတော့မှာကိုပင်... ဒီကိစ္စအတွက်လည်း ဆုံးဖြတ်ချက်တစ်ခုကိုချထားပြီး အမြန်ဆုံးစီစဉ် ရန်ဆောင်ရွက်နေသည်။
At Singularity Company....
Tae: မင်းတို့တွေအလုပ်လေးတစ်ခုတောင် ဖြောင့်အောင်မလုပ်တတ်ကြဘူးလား အဲ့စာရင်းဇယားတွေ ဘယ်လောက်အရေးကြီး တယ်ဆိုတာပြောထားရဲ့သားနဲ့...

♡MY BAD BABY BOY♡ (Unicode+Zawgyi)Where stories live. Discover now