Beloved Tears [Unicode]

211 24 0
                                    


~ •Become Each Other's Tear• ,
sung by Hyolyn, Original Sound Track of Hwarang(Korean Series),
is chosen as BGM of this fic ~

^ဆုံစည်းခြင်းတွေမှာ ခွဲခွာခြင်းတွေအမြဲရှိတယ်
ကလေး......^

^ကျွန်တော်တို့ မတွေ့ခဲ့ကြရင်ရော......??
ဟုတ်တယ် မစခဲ့ရင် အဆုံးသတ်ရမှာမဟုတ်ဘူး
Ge......^

..................Beloved Tears...............

လေဆိပ်ဝန်းတွင်း ခြေချလိုက်တာနဲ့ ကျွန်တော့်
မျက်လုံးတွေအနားမရခဲ့သလို ပြေးလွှားနေခဲ့တဲ့
ခြေထောက်တွေလဲ ရပ်တန့်မသွားခဲ့ပါဘူး...။

"မင်း Ge ထွက်သွားပြီ Sehunnie"

မနက်အိပ်ရာကနိုးနိုးချင်းမှာပဲ Suho Hyung
ပြောလိုက်တဲ့စကားက ကမ္ဘာတခုလုံး
တိတ်ဆိတ်သွားသလို ကျွန်တော့်အတွက်
ခြောက်ခြားစရာကောင်းခဲ့တယ်။

ဘာလို့လဲ???ဘာလို့လဲ??ကျွန်တော်ဒီလောက်
တောင်းပန်နေတဲ့ကြား Ge ဘာလို့ ဒီလောက်
ထွက်သွားချင်ရတာလဲ??

"......Ge"

မောလျလွန်းတဲ့အတွက် ကျွန်တော်ရပ်တန့်လိုက်
ရတယ်။ မဟုတ်ရင် ကျွန်တော် လဲကျသွားတော့
မယ်။ မခိုင်ချင်တော့တဲ့ခြေနှစ်ဖက်ကိုအားတင်း
ရပ်နေရပြီး အနီးနားတဝိုက် မျက်စိလျှင်လျှင်ထားပြီးရှာနေပေမဲ့ မတွေ့ဘူး......။ Ge ကို
ကျွန်တော့်Geကို......။ ညကတင် ထွက်မသွား
တော့ပါဘူးလို့ လိမ်ခဲ့တဲ့ ကျွန်တော့်ချစ်သူကို။

မျက်စိစုံမှိတ်ချပစ်ရင်း ကျွန်တော် အသက်ဝဝ
ရှုသွင်းလိုက်တယ်။ Geကိုတွေ့အောင်ရှာရမယ်။
ဒီအတိုင်း ကျွန်တော် လက်မလွှတ်လိုက်နိုင်ဘူး။

လက်သီးတချက်တင်းတင်းဆုပ်ကာ နားနေခုံ
တွေရှိတဲ့နေရာကို ထပ်ပြေးထွက်ခဲ့တယ်။

လမ်းမှာဝင်တိုက်မိမတတ်ဖြစ်ရတဲ့ လူတွေကိုလဲ
မတောင်းပန်နိုင်......။ကျွန်တော့်စိတ်သန္တာန်တခု
လုံးက Geကိုရှာတွေ့ဖို့သာစိတ်ထက်သန်နေခဲ့ပြီး

"Lu Ge......"

လှမ်းလွန်းတဲ့နေရာပေမဲ့ ကျွန်တော့အော်ခေါ်
လိုက်သံကြောင့် တုန်တက်သွားတဲ့Geကျောပြင်
ကို မျက်မြင်တွေ့လိုက်ရတယ်။

ကျောပေးထားတဲ့ ချစ်ရသူ ကျွန်တော့်ဘက်ကို
လှည့်မလာခင်မှာ ဒါမှမဟုတ်......ကျွန်တော်နဲ့
ဝေးရာကိုထပ်ပြေးမထွက်သွားခင်မှာ ကျွန်တော်
Geအနားကိုအမြန်ဆုံးသွားလိုက်မိတယ်...။

LOVEWhere stories live. Discover now