"Oh Sehun ရှင် အခုချက်ချင်း ကျွန်မဆီမလာရင်
ရှင်နဲ့ကျွန်မ ဒီနေ့ပဲပြတ်ပြီနော်""အင်း… ပြတ်တာပေါ့"
"ရှင်!!!မဟုတ်ဘူးလေ Sehun … Sehun ssi"
တဖက်ဖုန်းမှ အမျိုးသမီးငယ်၏စကားပင်မဆုံးသေး၊
Oh Sehunအမည်ရသူသည် ဖုန်းကိုပိတ်ချ
လိုက်ပြီးနောက် အလုပ်စားပွဲပေါ်ပစ်တင်လိုက်သည်။laptopမျက်နှာပြင်ကိုအာရုံစိုက်ကြည့်ထားပြီး
အလုပ်လုပ်နေခိုက် တမုဟုတ်ချင်းမြည်လာသော
ဖုန်းသံကြောင့်Sehunဖုန်းကိုလှမ်းယူလိုက်ပြန်
သည်။ဂဏန်းနံပါတ်များသာတန်းစီပေါ်နေသည့်ဖုန်းတလုံးမှ
ခေါ်ဆိုနေသည်ကိုတွေ့လိုက်ရသည်။လောလောလတ်လတ်ပင် သူနှင့်ပြတ်စဲခဲ့သော
ရည်းစားဟောင်းခေါ်နိုင်သည့်အမျိုးသမီးငယ်ပင်ဖြစ်
လိမ့်မည်။Sehun ခပ်မြန်မြန်ပင် ထိုနံပါတ်ကို black list
ထဲထည့်လိုက်ပြီး ဖုန်းအားနေရာတကျပြန်ထားလိုက်
သည်။မျက်နှာချင်းဆိုင်တွင်ထိုင်နေပြီး အလုပ်အတူလုပ်နေ
ကြသည့်Baekhyun နှင့် Chanyeolမှာကား
ထိုအပြုအမူအတွက်အထူးအဆန်းတော့မဖြစ်မိ။တယောက်မျက်နှာတယောက်ကြည့်ပြီး
သက်ပြင်းပြိုင်တူတော့ချမိကြပါသည်။"Sehun ! သူကဘာဖြစ်လို့လဲ??"
"ကျွန်တော့်ကို ဟိုသွားခိုင်း ဒီလာခိုင်း နဲ့။
စိတ်ရှုပ်ဖို့ကောင်းလွန်းတယ်""မင်းရည်းစားလေကွာ ။ သူလည်းမင်းနဲ့တော့
တွေ့ချင်ဦးမှာပေါ့"Chanyeolမှစိတ်ပျက်လက်ပျက်အသံဖြင့်ဆိုသည့်အခါ Baekhyunသည် မျက်နှာရိပ်မျက်နှာကဲဖြင့်ဝေ့ကြည့်လိုက်ပြီးဆက်မပြောစေရန်တားလိုက်သည်။
Baekhyunတားသည့်အခါ Chanyeolမှငြိမ်ကျသွားပါသည်။
မတားလို့လည်းမရပါ။ Sehun ရည်းစားတွေထားတာ Baekhyunစနက်လည်းမကင်း။
Oh Sehunကရည်းစားများသည်။ များရခြင်းကလည်း Baekhyunကြောင့်ဖြစ်လေသည်။
Baekhyunက Sehunအစ်ကိုတဝမ်းကွဲဖြစ်သူ
Park Chanyeol၏သူငယ်ချင်း ချစ်သူ။