ထိုနေ့ကမိုးမရွာခဲ့ပါ။ နေလဲမသာခဲ့သလို တိမ်တွေလဲပြာမြူးမနေခဲ့ပါ။
"ငါတို့လမ်းခွဲရအောင်"
အေးအေးလူလူပြောလိုက်တဲ့သူ့အသံက
ဘယ်လိုကြောင့် ကျွန်တော့်နားထဲကျယ်ကျယ်
လောင်လောင်မြည်ဟိန်းသွားခဲ့သလဲ???ရိုက်ချက်ပြင်းပြင်းနဲ့ဖိနှိပ်ခံလိုက်ရတဲ့ ကျွန်တော့်
နှလုံးသားရယ်ကြောင့်ဖြစ်ပါလိမ့်မယ်။နာလိုက်တာ… ကျွန်တော့်ရင်တွေ
နာလိုက်တာလေ"အကြောင်းပြချက်ရှိလား"
"ငါတို့တွဲခဲ့တုန်းကရော အကြောင်းပြချက်ရှိ
လို့လား"နဖူးပေါ်နွယ်ကျလာတဲ့ဆံပင်ခပ်ပျော့ပျော့တို့ကို
တစ်ချက်သပ်တင်လိုက်ရင်း သူ ကျွန်တော့်ကို
မေးခွန်းထုတ်တယ်။ကျွန်တော်ဖြေချင်လိုက်တာ
ရှိတာပေါ့ ငါတို့ချစ်ခဲ့ကြတာဟာ ငါတို့တွဲရတဲ့ အကြောင်းပြချက်ပဲ အချစ်လောက်ကောင်းတဲ့
အကြောင်းပြချက်ရှိဦးမလား။ဒါပေမဲ့ ထိုစကားကို သူ့ကိုကျွန်တော်မပြောဖြစ်။
သူ၏ရယ်မောလိုက်မည့်အသံက
ကျွန်တော့်နှလုံးသားကိုပျက်ရယ်ပြုမှာ ကျွန်တော်မလိုလားဘူး……
အံ့သြသလိုမျက်ခုံးအပင့်တစ်ချက်က ကျွန်တော့်
ချစ်ခြင်းကိုရိုက်ချိုးဖျက်ဆီးပစ်လိုက်မှာ ကျွန်တော်မမြင်ချင်ဘူး……"ကောင်းပြီ မင်းသဘောအတိုင်းပဲ"
အထွန့်တက်မနေတော့ပဲ သူ့စကားကိုခေါင်း
ညိမ့်ပြကာ ကျွန်တော်က ဦးအောင်လှည့်ထွက်
ခဲ့တယ်။ ဒီလိုနဲ့… ကျွန်တော် Luhan အချစ်ဦး
နဲ့လမ်းခွဲဖြစ်ခဲ့တယ်။……………………
ရက်တွေလတွေနှစ်တွေ အလီလီပြောင်းလဲ
လာပြီးတဲ့နောက်မှာ အချစ်ဦးဆိုတဲ့သူကို
သတိမရခဲ့ပါဘူးပြောရင် မလွမ်းခဲ့ပါဘူးပြောရင်
ကျွန်တော်Luhan လိမ်ရာကျနေမပေါ့။ကျွန်တော် သူ့ကိုလွမ်းခဲ့ပါတယ်။ ခွဲခွာကာစ
ရက်များမှာ နင့်နင့်သီးသီးလွမ်းခဲ့ရတယ်။
အပြန်အလှန်ပို့ဖူးတဲ့Messageတွေကိုဖတ်ရင်း
မျက်ရည်ကျတဲ့ထိလွမ်းခဲ့ရတယ်။