- ဖြောင်း ဖြောင်း ဖြောင်း -
ကျယ်ကျယ်လောင်လောင်ကြီးထွက်လာသည့်
လက်ခုပ်သံ ကြောင့် ကျောင်းကန်တင်းတစ်ခုလုံးအငြိမ်း
ဖြစ်သွားတယ်။တခုတည်းကျန်တဲ့ နို့ဘူးကို စပ်ဖြီးဖြီးလုနေကြတဲ့
အထက်တန်းကျောင်းသားကြီး လုဟန် နဲ့ အထက်
တန်းဒုတိယနှစ်ကျောင်းသား ရှောင်းကျန့် တို့ကလည်း
လက်ခုပ်သံပိုင်ရှင်ဆီအကြည့်ရောက်ရပါတယ်။"ဟေ့ကောင် မင်းဟာလေး "
လုဟန် က ရှောင်းကျန့်ရဲ့ပါးဖောင်းဖောင်းတွေကို
လက်ညိုးနဲ့ထိုးလိုက်ပြီး လက်ခုပ်ထတီးတဲ့ကောင်လေးဆီမေးဆတ်ပြတယ်။ ရှောင်းကျန့်ဆိုတာ မျက်နှာကို
သံပုရာသီးညှစ်ထည့်လိုက်တဲ့အတိုင်းပဲ။"ကဲ အားလုံးပဲ "
လက်ခုပ်တီးပြီးတာနဲ့ ခပ်တည်တည်ပဲ သူ့ပုတုတုအရပ်
လေးမြင်သာအောင် စားပွဲပေါ်ထရပ်တဲ့ မူလတန်း
နောက်ဆုံးနှစ်ကျောင်းသားကလေးကို အားလုံးကဝိုင်း
ကြည့်ကြရတယ်။သတ္တဝါလေးက အကောင်သေးပေမဲ့ ပါဝါမသေးတာ
မို့။စားပွဲပေါ်မတ်တပ်ရပ်နေတဲ့ကောင်လေး အချက်ပြလိုက်
တော့ ကျန်တဲ့ကျောင်းသားပုစိတွေက ကန်တင်းရှိလူ
ကုန်ကို စာရွက်တွေလိုက်ဝေတယ်။စာရွက်ကိုငုံ့ကြည့်ပြီးတဲ့လူတော်တော်များများက
ဒိုင်းကနဲ ဒိုင်းကနဲ ရှောင်းကျန့်ကိုကြည့်ကြည့်လာတာ
ကြောင့် ရှောင်းကျန့်မှာ ထမင်းဗန်းလေးတောင်နိုင်အောင်မကိုင်နိုင်တော့ဘူး။အချိန်ကိုက်ပဲ လုဟန်ဆီကို စာရွက်ကရောက်လာတယ်။
အတောမသတ်အောင်ထရယ်တော့ ရှောင်းကျန့်က
မျက်စောင်းခဲတယ်။ စာရွက်မှာ ပါတဲ့ဟာတွေက- ရှောင်းကျန့်
- အထက်တန်း ဒုတိယနှစ် တန်းခွဲ A
- ဘက်စုံလူရည်ချွန်
- စာအသင်အပြအလွန်ကောင်းပြီးစိတ်ရှည်တတ်သူ
- တလောကလုံးတွင် အကောင်းဆုံး Guide
(သူ့မှ Guideမငှားရင် မင်းတို့ဘယ်သူ့ကိုငှားမလဲ
စောင်ပိန်းတွေ :3 )အဲ့စာတွေနဲ့အတူ မျက်မှန်ကော်ကိုင်းလေးနဲ့
ရှောင်းကျန့်ပုံလေးပင် အဆစ်ပါလိုက်ပါသေးတယ်။