Teacher Oh is MINE {HunHan}

3.8K 406 105
                                    

နံရံကို လက်ညိုးနှင့် တဒေါက်ဒေါက်ခေါက်လျက်
ကော်ရစ်ဒါကို Luhan မျှော်ကြည့်နေသည်
ကျောင်းတက်ရန်၁နာရီကျော်ကျော်လိုနေသေး
သည်မို့ ကျောင်းသားတွေများစွာ ရှိမနေ

ရှင်းလင်းနေသော မြင်ကွင်းက Luhan့အာရုံ
တွေကို အပီအပြင် ဖြန့်ကျက်ထားနိုင်စွမ်းရှိ
သည်

ယင်းသို့ မနက်စောစော အမောင်Luhan
ဘာကို မျှော်နေပါသနည်း??

လက်ပတ်နာရီကို ငုံ့ကြည့်လိုက်တော့
၈နာရီထိုးရန် ၁၅မိနစ်အလို

//ဘာလို့မလာသေးတာလဲ//

ထိုအချိန်တွင် Luhan့နောက်ကျောကို
အသာလာပုတ်သော လူတစ်ယောက်>_<

//နေစမ်းပါကွာ ငါဒီမှာချောင်းနေတယ်
မနှောင့်ယှက်စမ်းနဲ့ Byun Baekhyun//

//ဘယ်သူ့ကိုလဲ...//

နားထဲပူကနဲဝင်လာသော လေတချို့
Luhanနား နားကို ကပ်ပြီးတော့ ပြောလိုက်ခြင်း
ဖြစ်သည်။ အသံမကြားခင်ကထိLuhan ပထမBaekhyunဟုထင်မိသော်လည်း လေသံမတူသောအခါ......

//Arrr......Omma...Ya Sehun SeonSaeng//

လှည့်ကြည့်လိုက်မိသည့်နောက် တွေ့လိုက်ရ
သောအနားနားကပ်နေသည့်မျက်နှာကြီးကြောင့်
ဘယ်သူမှန်းသိလိုက်သော်လည်းပြေးရန်
အချိန်မမှီလိုက်!_!

ကျောပိုးအိတ်ကို အချိန်မှီလှမ်းဆွဲလိုက်သော
Sehunကြောင့် လေထဲတွင် Luhanယက်ကန်
ယက်ကန်ဖြစ်နေရှာလေပြီ

//Hee......Teacher Oh Morning//

//အပိုတွေ လုပ်မနေနဲ့ အစောကြီး မင်းဘာလာ
လုပ်တာလဲ//

//SeonSaeng ကလဲ သိရဲ့သားနဲ့//

ပြီတီတီမျက်နှာထားနှင့် မျက်တောင်လေးပုတ်
ခတ်ပုတ်ခတ်လုပ်ကာ ကြည့်နေသောLuhan
ကြောင့် Sehun တန်ပြန်လန့်ဖြန့်သွားရသည်

ထိုသို့လန့်ဖြန့်ကာ မတ်တပ်ကြီးမေ့နေသော
Sehunကို အခွင့်ကောင်းယူလျက် Luhan
သူ၏ကျောပိုးအိတ်ကို ဆွဲထားသည့် Sehunလက်ထဲမှ ရုန်း

Sehunနားဖျတ်ကနဲကပ်လိုက်ကာခြေဖဝါး
ထောက်လျက် ပါးလေးကို ရွှတ်ကနဲနမ်း
လိုက်ပြီး......

//SeonSaeng ......တာ့တာ အတန်းထဲ
ရောက်မှတွေ့မယ်Bye Bye !! မွမွ များကြီးမွ//

LOVEحيث تعيش القصص. اكتشف الآن