မျက်လုံးကအလိုလျောက်ပွင့်လာခဲ့သည့်နံနက်ခင်းတစ်ခုသည် အရင်လိုနေမြင့်စမြဲမို့ ယမန်နေ့သည်လည်းနေ့လည်1:00နာရီထိုးနေလေပြီ။
"ဟင်.."
ညကမူးပြီးအခန်းဆီဘယ်လိုပြန်ရောက်မှန်းတောင်မမှတ်မိသည်ကို..မျက်လုံးဖွင့်ဖွင့်ခြင်း မြင်လိုက်ရသည့် ဘေးကအဝတ်ကင်းပြီးကျောပေးအိပ်နေသူတစ်ယောက်ကြောင့် Tineမျက်လုံးတွေပြူးကာ အိပ်ယာကနေချက်ချင်းထထိုင်လိုက်မိသည်။
"ဘယ်..ဘယ်သူလဲ..အို Shiaa(Shit)"
နိုးဖို့ကိုလက်လှမ်းပြီးမထိရဲ..ကိုယ်ကိုပြန်ငုံ့ကြည့်မိတော့လည်း အဝတ်ကပ်မနေတာကြောင့် စောင်ကိုယူကာကိုယ်အပြည့်ခြုံလိုက်ပြီး ကုတင်ပေါ်ကဆင်းကာမတ်တပ်ရပ်လိုက်သည်။
"ဘယ်..ဘယ်သူလဲ..ငါ့..ငါ့အိပ်ယာပေါ်တက်အိပ်နေတာ..ထစမ်း..အခုထ..မကြားဘူးလား..ထစမ်း.."
Tineအော်နေသော်လည်း ဘာမှတုံ့ပြန်မှုရှိမလာတဲ့ထိုလူကြောင့် မျက်မှောင်ကြုတ်ရပြီ။
"Shiaa! Saraleoo! !!"
"Tineရာဘာဖြစ်နေတာလဲကွာ..နားကိုငြီးနေတာပဲ.. ငါညကမအိပ်ရသေးလို့ တိတ်တိတ်လေးနေပေးပါလား"
"Sarawat!!!"
"အင်း"
Tineမျက်မှောင်ကြုတ်ကာပဲ ကုတင်ပေါ်ပြန်လာထိုင်ကာ အိပ်နေတဲ့sarawatကျောပြင်ကိုရိုက်လိုက်သည်။
"ဟေး...ဘာလို့ရိုက်တာလဲ..နာတယ်လေ"
"ငါ့အိပ်ယာပေါ်ဘယ်သူကအိပ်ခိုင်းလို့လဲ..ထ..မင်းအခန်းမင်းပြန်အိပ်"
Sarawatလည်းချက်ချင်းပဲ မျက်လုံးတွေပွင့်လာကာTineကိုစိုက်ကြည့်နေသည်။
"ဘာကြည့်နေတာလဲ ထပြီးပြန်လေ"
"ငါညကပင်ပန်းထားတယ်လေ..ခဏလောက်ဆက်အိပ်ခိုင်းလိုက်ပါလား"
"ညကပင်ပန်းရအောင် မင်း ဘာလုပ်...Shiaa...မင်းယုတ်မာလိုက်တာ"
Tineချက်ချင်းသူ့ရင်ဘတ်ပေါ် လက်တွေကို ကြက်ခြေခတ်ဖုံးကာလိုက်ပြီး Sarawatကို ကိုက်စားတော့မတက်ကြည့်နေလေသည်။
"ဟေး...ပေါက်ကရတွေလိုက်တွေးမနေနဲ့နော်..PDimတို့နဲ့အတူတူသောက်တဲ့နေရာကနေ မင်းကိုယ်လုံးကြီးငါသယ်ခဲ့ရတာလေ..လေးလိုက်တာ အဲ့တာကြောင့်ငါပင်ပန်းနေတာ"