• 10 •

1.4K 156 7
                                    

Unicode

'' ဒီမှာ ခင်ဗျားတောင်းတဲ့ပိုက်ဆံ ၁၀ သိန်း ''

အိတ်လိုက်ချပေးသည့် ပိုက်ဆံတွေအားကြည့်ကာ Goo Hanyu အတော်လေး ပျော်နေပုံရသည် ။

လောဘမီးတွေဝင်းဝင်းတောက်နေသည့် မျက်ဝန်းတွေအား အတိုင်းသား ထင်ဟပ်လို့နေသည် ။

'' ကျေးဇူးတင်ပါတယ် မောင်လေးရယ် ၊ တောင်းလို့သာ တောင်းရတာ ၊ သားလေး ပင်ပင်ပန်းပန်းရှာထားတာကို မသုံးရက်ပါဘူးလေ ''

ဟန်ဆောင်စကားလုံးတွေကို အရှက်မရှိပြောနေသည့် သူမကို သူစိတ်ပျက်စွာကြည့်ရှုလိုက်သည် ။

လောဘရဲ့သားကောင်ဖြစ်သွားရင် လူတွေက အမှောင်ကိုတောင် မမြင်နိုင်ကြတော့ဘူးပဲ ။

'' မလိုပါဘူး ၊ တစ်ခုတော့ရှိတယ် ၊ ခင်ဗျားကို အသိပေးရမယ်ထင်လို့ ဒီစကားကို ကျနော်ပြောတာ ''

'' ပြောပါမောင်လေး ''

'' Byun Baekhyunက CY Companyနဲ့ တရားဝင် စာချုပ်ချုပ်ဆိုထားတဲ့ idolတစ်ယောက်ဖြစ်လို့ သူ့ရဲ့ကိုယ်ရေးကိုယ်တာ ပတ်သတ်မှုတိုင်းကို ကျနော့်ရဲ့ဆုံးဖြတ်ချက် လိုအပ်တယ်ဆိုတာ သိထားပေးပါ ''

'' မောင်လေး ဆိုလိုတာက ''

'' ရှင်းပါတယ် ၊ တွေ့ချင်တိုင်း တွေ့ခွင့်မရှိဘူးလို့ ပြောတာပါ ''

'' အို တို့တွေက သူစိမ်းတွေမှ မဟုတ်တာ ''

'' သိပါတယ် ၊ ဒါပေမဲ့ ကျနော့်Companyက idolထိခိုက်မယ့် ဘယ်လိုအရာမျိုးကိုမှ ကျနော်တို့Companyက လက်ခံမှာ မဟုတ်လို့ပါ ၊ ခွင့်ပြုပါအုန်း ''

စောလျင်စွာပင် သူနေရာမှ ထထွက်ခဲ့လိုက်သည် ။

Goo Hanyu ဆွေ့ဆွေ့ခုန်ကာ ကျန်ခဲ့မယ်မှန်း သိပေမဲ့ သူဖြစ်စေချင်တာကလည်း ထိုအရာပဲလေ ။

Baekhyunကို လက်ညှိုးတစ်ချောင်းထိုးဖို့ ကြိုးစားရင် အဲ့ထိုးတဲ့လက်ညှိုးတွေအကုန် ဖြတ်ပစ်ရမှာက သူ့ရဲ့သမိုင်းပေးတာဝန် ။

Companyထဲသူပြန်ဝင်လာကတည်းက ဝန်ထမ်းတွေအကုန်လုံးက ကွက်ကြည့်ကွက်ကြည့် ။

ဘာတွေများထူးဆန်းနေလို့ပါလိမ့် ။

'' မင်းငါ့ကိုတောင်မမြင်ဘူးလား Sehun ''

A Prince Look Like CindrellaWhere stories live. Discover now