• 5 •

2.7K 269 10
                                    

[ UNICODE ]

* ဒုတ် *

ရုတ်တရက် ဘရိတ်ဆောင့်နင်းလိုက်တာမို့ နှဖူးလေးနဲ့ကျောပြင်ကျယ်ဟာ မိတ်ဆက်လို့သွားရသည်။

' နာသွားတာလား? Sorry ကိုယ်က အိမ်ရှေ့ရောက်လို့ ရပ်လိုက်တာ '

နှဖူးလေးအားခပ်ဖွဖွပွတ်သပ်ကာ ရှင်းပြနေသည့် Yeolကြောင့် နာကျင်မှုတို့ဟာ ဘယ်ဆီလွင့်ပျောက်သွားသည်မသိ။

' ရပါတယ် ! ကျနော်မနာပါဘူး ! ဒါဆို ကျနော်သွားတော့မယ်နော် Yeol '

Scooterပေါ်မှဆင်းကာ ခေါင်းလေးငုံ့ပြီး နှုတ်ဆက်လိုက်တော့ Yeolပြုံး၍ငေးကြည့်နေပြန်သည်။

' ပြောစရာရှိလို့လား Yeol '

' ဟင့်အင်း '

' ဒါဆို '

' မင်းအိမ်ထဲဝင်သွားတာ က်ိုယ်ကြည့်ချင်လ်ို့ '

' ဒါဆို ကျနော် သွားတော့မယ်နော် '

' Ok '

ခေါင်းလေးည်ိတ်ပြကာ နောက်ကကြည့်နေသည့် Yeolကြောင့် ခြေလှမ်းတွေက ရှေ့ဆက်ဖို့ တုံ့ဆ်ိုင်း၍နေသည်။

လှည်ပြန်လှည့်ကြည့် လှည့်ကြည့်နဲ့ပဲ ကျနော်အိမ်ထဲရောက်ခဲ့လေပြီ။

Yeolလည်းပြန်သွားလောက်ပြီ နေမှာပါ။

နောက်ဆံတင်းနေသည့် စိတ်အားဒုန်းဒုန်းချကာ အိမ်ထဲဝင်ခဲ့တော့ စူးရဲစွာစိုက်ကြည့်နေသူက မေမေလေး။

' မေမေလေး '

' ဘယ်အချိန်ရှိနေပြီလဲ Byun Baekhyun! နင်အလေလိုက်ချင်တိုင်း လိုက်ပြီး ပြန်လာတဲ့အချိန်အထိ ထိုင်စောင့်နေရအောင် ငါတို့ကို နင့်အခိုင်းအစေများထင်နေလား '

' ကျနော် တောင်းပန်ပါတယ် '

' ဒါနောက်ဆုံးဖြစ်ပါစေ Baekhyun! နောက်နေ့တွေ ဒီအချိူးအတ်ိုင်းပဲဆိုလို့ကတော့ လမ်းဘေးမှာအိပ်ဖို့ပြင်ထား သွား '

' ဟုတ် ဟုတ်ကဲ့ '

ခေါင်းလေးညိတ်ကာ ခပ်ကုတ်ကုတ်ထွက်ခဲ့ပြီး အခန်းထဲရောက်မှ သက်ပြင်းချနိုင်သည်။

A Prince Look Like CindrellaTempat cerita menjadi hidup. Temukan sekarang