•14•

967 141 4
                                    

Unicode-

" ငြိမ်လှချည်လား Baekhyun "

Jongdaeအမေးအားကြားပေမယ့် လေ့ကျင့်ခန်းထဲ ခေါင်းငိုက်၍သာ ထိုင်နေဖြစ်သည် ။

" Baekhyun စိတ်ရှုပ်စရာရှိလို့လား "

စိတ်ရှုပ်စရာ ။

အဲ့စကားလုံးကတော့ ကျွန်တော့်အတွက် ပို၍သက်ညှာသေးသည် မဟုတ်ပါလား ။

စိတ်ရှုပ်တာထက်ပိုပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်ချင်လောက်အောင် စိတ်ပျက်ဖို့ကောင်းတဲ့ ကိစ္စရပ်တစ်ခုက ကျွန်တော့်ကိုအသင့်စောင့်ကြိုနေခဲ့ပြီလေ ။

" ငါသွားတော့မယ် "

ရေဘူးအားယူကာ ထိုင်နေရာမှထပြီး အခန်းတံခါးအားဆွဲအဖွင့် ဂျာကြီးက စိတ်မသက်သာစွာ ငေးကြည့်၍နေသည် ။

" ရော့ "

ပါးနားကိုလာကပ်သည့် ရေခဲဘူးလေးက ကျွန်တော့်အတွက် မအေးမြနိုင်ပါ ။

" ငါလည်းဘာပြောရမှန်းတောင် မသိတော့ဘူး Baekhyun "

" ကျွန်တော်ကိုယ်တိုင်လည်း မသိပါဘူး "

ဂျာကြီးက ခေါင်းညိတ်လေသည် ။

" ဘာပဲဖြစ်ဖြစ် အကောင်းဆုံးတော့ နေရမယ်လေ "

" ကြိုးစားနေပါတယ် "

" Baekhyun မင်းကို Hyungက ချစ်ပါတယ် "

ဂျာကြီးစကားကြောင့် နာနာကျင်ကျင် ပြုံးမိတယ်ထင်သည် ။

ချစ်ပါတယ် ။

Yeolက ကျွန်တော့်ကိုချစ်ပါတယ်တဲ့လား ။

ပျားရည်တစ်စက်နဲ့ဝမ်းချတဲ့ စကားတစ်ခုပဲ မဟုတ်လား ။

" Sehun "

ခေါ်သံကြောင့် ခေါင်းကအလိုလိုဇက်ကနဲ ထောင်မတ်လို့သွားသည် ။

ဒါYeolရဲ့အသံမဟုတ်ပါလား ။

" Hyung "

ရေရွတ်သံနှင့်အတူ ဂျာကြီးမတ်တပ်ထ၍ နှုတ်ဆက်ပေမဲ့ ကျွန်တော်ကတော့ ထိုင်နေရာမှ မထဖြစ် ။

Yeolဘေးမှာ မိန်းမလှလှလေးတစ်ယောက်လည်း ပါလာသည်လေ ။

" ရော့ "

ကမ်းပေးလာသည့် အိတ်တစ်လုံး ။

" ဘာတွေများ "

A Prince Look Like CindrellaWhere stories live. Discover now