• Final •

1.2K 127 5
                                    

Unicode

" Yeol "

ခေါ်သံကြောင့်လှည့်ကြည့်လာတဲ့ Yeolရဲ့မျက်နှာလေးက ပကတိရှင်းသန့်လို့နေသည် ။

" ဆေးသောက်ရအောင် "

" မသောက်ဘူး "

" ဆေးသောက်မှ သက်သာမှာပေါ့ Yeolရဲ့ "

" ငါ့ရဲ့Baekhyueeကို ဘယ်တော့ခေါ်ပေးကြမှာလဲ "

Yeolရှေ့မှာအခုရှိနေတယ်လေ Yeolရယ် ။

" ခေါ်ပေးမှာပေါ့ Yeolရဲ့ "

" ဘယ်တော့ခေါ်ပေးမှာလဲ ။ မင်းတို့က ဆေးပဲညာတိုက်နေကြတယ် "

" Yeol "

အရွယ်အစားကွာခြားတဲ့ လက်တွေအားဆုတ်ကိုင်ကာ နူးနူးညံ့ညံ့လေး ခေါ်တော့ ရီဝေဝေငေးကြည့်နေပြန်တယ် ။

" Baekhyuneeက ချစ်ဖို့ကောင်းလားဟင် "

" ချစ်ဖို့ကောင်းတာပေါ့ ။ မင်းလိုဘဲရုပ်ဆိုးမဟုတ်ဘူး "

" Yeolက ကျွန်တော့်ကို ဘဲရုပ်ဆိုးလို့မြင်တယ်ပေါ့ "

" ဟုတ်တယ် "

" Yeolကမှ Yodaနဲ့တူတာ "

" ပညာရှိနားကွ ဘာလဲ "

မျက်လုံးအပြူးသားနှင့်ထအော်သည့် Yeolကို ချစ်မဝပြန်ပါဘူး ။

" Baekhyuneeကိုအချစ်ဆုံးလား "

" အင်း "

" Baekhyuneeက Yeolအနားမှာမှမရှိတာ "

" သွားခေါ်ပေးလေ "

" သူဘယ်မှာနေလဲ ကျွန်တော်မသိဘူး "

" ငါသိတယ် "

" ဒါဆို Yeolလမ်းညွှန်လေ "

" ဒီမှာ "

ခေါင်းကနေဆွဲကိုင်ကာ ရင်ဘတ်နားတိုးကပ်လိုက်သည့် Yeolကြောင့် ကျွန်တော်အံ့သြသွားရသည် ။

" Yeol "

" Baekhyuneeက ကိုယ့်နှလုံးသားထဲမှာနေတာ "

အတည်ပေါက်ကြီးပြောနေတဲ့ သြရှရှအသံက အလိမ်အညာမဟုတ်ပါ ။

" Yeolကျွန်တော့်ကိုမှတ်မိနေတာလား "

" ရှူး Baekhyunee ။ မာမီတို့ယုံကြည်အောင် ဒီအတိုင်းနေမှတော့ဖြစ်မယ် "

A Prince Look Like CindrellaWhere stories live. Discover now