Unicode
" 같은 나라에 태어나서
같은 언어로 말을 해서
참 행운이야, 참 다행이야
세상에 당연한 건 없어 "Yeolအသစ်ရေးထားတဲ့ သီချင်းLyricအား အနည်းငယ် ကျွန်တော်ဆိုညည်းလိုက်သည် ။
" အော် Baekhyun "
" Yeol ဒါအသစ်လား "
" အင်း "
ခေါင်းညိတ်ပြီး ကီးဘုတ်နားမှာထိုင်ကာ သံစဉ်တွေဖန်တီးလို့နေသည် ။
" ဘယ်တုန်းကရေးထားတာလဲ "
ထိုင်နေသည့် Yeolရဲ့လည်ပင်းကိုနောက်ကနေ သိုင်းဖက်လိုက်ပြီး ပါးချင်အပ်ကာ သူမေးလိုက်တော့ Yeolနှာခေါင်းလေး သူ့ပါးနားမှာ ခိုဝဲလို့လာသည် ။
" ညက မင်းကိုလွမ်းတာနဲ့ "
" တကယ်လား "
" စာသားတွေကို ဖတ်ကြည့်တာနဲ့မသိဘူးလား "
" မသိပါဘူး "
" ကိုယ့်အတွက်တော့ မင်းကိုချစ်ခွင့်ရခြင်းက တကယ့်ကိုတန်ဖိုးမဖြတ်နိုင်တဲ့ ကံကောင်းခြင်းပဲ "
" သီချင်းနာမည်က ဘာလဲဟင် Yeol "
" Lucky "
" Lucky ကောင်းသားပဲ "
" ဒီသီချင်းက မင်းကိုချစ်တဲ့အချစ်တွေနဲ့ ရေးထားတာ "
" Yeolကအရမ်းချစ်ဖို့ကောင်းတာပဲ "
" မင်းကပိုချစ်ဖို့ကောင်းပါတယ် "
Yeolလည်ပင်းကိုတင်းနေအောင်ဖက်ပြီး သူကပ်ချွဲလိုက်တော့ ဂုတ်လေးအား လက်နှင့်နိမ့်စေကာ နှဖူးကို ခပ်ဖွဖွလေး နမ်းလေသည် ။
" အဟမ်း အဟမ်း "
ချောင်းဟန့်သံကြောင့် လူချင်းခွာလိုက်တော့ ဂျာကြီးဝင်လာသည် ။
" ဘာလဲ "
" Hyung Elle Magazineက Baekhyunကို ပါဝင်ဖို့ လှမ်းပြီးကမ်းလှမ်းစာပါ "
ခုံပေါ်တင်ပေးသည့် စာရွက်တွေအား Yeolကယူကာကြည့်နေသည် ။
" လက်ခံလိုက် "
" ပြီးတော့Hyung "
" ဘာလဲ "
" Suzy နဲ့Collabrationလုပ်ဖို့ကိစ္စ "
" ဘယ်နေ့studio dateလည်း မေးကြည့်လိုက်လေ "
" Hyung confirmမပေးရသေးဘူးလေ "
ESTÁS LEYENDO
A Prince Look Like Cindrella
Fanficဂီတကိုဝါသနာထုံပြီး မိထွေးရဲ့အနှိပ်စက်ခံကောင်လေး Byun Baek Hyun! CY Entပိုင်ရှင် Musicalကိုရူးသွပ်လွန်းတဲ့ Park Chan Yeol! ဖိနပ်လေးတစ်ရံက စတင်ခဲ့တဲ့ သူ့တို့နှစ်ယောက်ရဲ့ချစ်ခြင်းတရား အဆုံးသတ်က???? [ Zawgyi ] ဂီတကိုဝါသနာထုံပြီး မိထွေးရဲ့အနှိပ်စက်ခံကော...