Part 2

534 21 0
                                    

             ရှန့် အောက်ပိုင်းက နာကျင်မှုတွေကြောင့် နိုးလာခဲ့တယ် အောက်ပိုင်းတင်မက တစ်ကိုယ်လုံးကပါ နာကျင်မှုတွေကြောင့် ညီးညူကာ ကုတင်ပေါ်မှ ထထိုင်လိုက်သည်

သို့ပေမဲ့ ထိုင်လိုက်ရင်အောက်ပိုင်းက နာလာသည်မို့ ကုတင်ပေါ်မှာသာ ပြန်လဲ အိပ်ရင်း တိတ်တဆိတ်မျက်ရည်ကျမိသည်

ညက သူဘယ်လိုတွေဖြစ်ခဲ့တယ် ဆိုတာကို သူပြန်တွေးကာ အသံတိတ်မျက်ရည်များ တသွင်သွင်ကျဆင်းလာရသည်

မိမိဘဝ ဘာကြောင့် ဒီလိုတွေဖြစ်နေရတာလဲ ဘုရားသခင်က ဘာလို့ သူ့အပေါ် မျက်နှာသာမပေးရတာလဲ သူ့အရမ်းဆိုးခဲ့ မိလို့လား သူမေတ္တာလေး တစ်ခုထဲ ရစေချင်ရုံလေးတင်ပါ ဆိုပြီး သူ့စိတ်ထဲမှာ သောက ပွားနေခဲ့သည်

             ရှန့် သူငယ်ငယ်ကအကြောင်းများ ပြန်တွေးရင်းလဲ ပေါက်ပြဲနေပီး သွေးစို့နေသည့် နှုတ်ခမ်းလေးမှာ အပြုံးလေး တစ်ပွင့်ဟာ လှပစွာပွင့်လန်းနေခဲ့သည်

မိမိငယ်စဉ်က ပါးပါးရယ် မားမားရယ် သူရယ် နေအိမ်၏ ခြံဝင်းလေးရဲ့ အရိပ်ရတဲ့ သစ်ပင်အောက်ရဲ့ ဒန်းလေးမှာ ထိုင်ကာ သီချင်းဆိုပြခဲ့ ကြတာတွေ မျက်နှာ မညိုးရအောင် ဒါလိုချင်ရင်ဒါ ချစ်ခြင်းမေတ္တာဆိုလဲ ပုံအောပြီးပေးတတ်တဲ့ သူ့မိဘတွေ ကျောင်းတက်ကျောင်းကြို သူများမိဘတွေလိုပင် ချစ်ချစ်ခင်ခင်နှစ်ယောက်တူတူ လာကြိုပေးတဲ့ သူ့မိဘတွေကြင်နာတက်တဲ့ လူနှစ်ဦးပုံစံအတိုင်းကို သူထပ်ပြီးလိုချင်ခဲ့တယ် သူဆုတောင်းခဲ့တယ် ဒီလိုမျိုးလေးပဲ အမြဲတမ်းနေသွားရအောင်လို့ပေါ့

              သူ့ဆုတောင်းတွေ မပြည့်ခဲ့ဘူး မားမားဟာ ညဘက်တွေဆိုနောက်ကျမှ ပြန်တက်လာပြီ

ပါးပါးဆိုလဲ မနက်စာထမင်းစားတဲ့ တစ်ချိန်ကိုယ်သာတွေ့ရတတ်သည် အရင်လို အိပ်ယာဝင်ခံနည်း အနားမှာရှိနေပေးတာ တူတူ ဝိုင်းဆော့ပေးတာမျိုး မရှိတော့ပါ

တဖြည်းဖြည်း အေးစက်လာသည့် မိသားစုကို ရှန့်တယောက်အသားမကျပါ ကျောင်းပို့ကျောင်းကြိုဆိုလဲ အိမ်က ခန့်ထားသည့် driver နဲ့ သာ သွားရလာရတော့သည်

သူလွမ်းမိပါသည် တခြားသူတွေကို မိဘတွေက လာကြိုသည့်ပုံရိပ်လေးတွေကို မြင်တိုင်းပေါ့ သူ့အနားမှာ ဘယ်သူ့မှမေတ္တာ တရားတွေ ဂရုစိုက်မှုတွေမပေးနိုင်တဲ့ အချိန်မှာ သူ
လင်းရန်ဆိုတဲ့ ကောင်လေးနဲ့ သူငယ်ချင်းဖြစ်ခဲ့တယ် သူကစိတ်ထားကောင်းပြီး တခြားသူတွေလို သူ့ကို ပစ်မထားဘူး ဂရုစိုက်ပေးတယ် စကားတွေလဲပြောပေးတယ် ထမင်းစားချိန်ဆိုလဲ တူတူစားပေးပြီး ကျောင်းဆင်းရင်လဲ driver မလာသေးရင်စောင့်ပေးတယ်

တဖြေးဖြေး ရှန့်နဲ့ လင်းနဲ့ ရင်းနှီးလာတယ် ရှန့်အိမ်ကို လင်းကလာပြီးလည်သလို ရှန့်ကလဲ လင်းအိမ်ကို သွားလည်တယ် လင်းရဲ့ ပ့းနဲ့ မားဟာလဲ သူ့ကိုချစ်တယ်လို့ ခံစားရတယ် ရှန့် သိပ်ပျော်ခဲ့တယ်

အရင်က ရှန့်ရဲ့ ပါးနဲ့မားဂရုစိုက်ပေးသလို လင်းရဲ့ ပါးနဲ့မားက ချစ်ပေး ဂရုစိုက်ပေးတော့ မျက်ရည်တွေပါဝဲမိတယ်
ဒါကြောင့် ရှန့်က လင်းရဲ့ ပါးမားကိုကော လင်းကိုကောသိပ်ခင်တွယ်တယ် လင်းကလဲ ရှန့်ကိုခင်ပေး ဂရုစိုက်ပေးတယ်

အဲ့ဒီကတည်းက ရှန့်ဟာ လင်းကို တဖတ်သတ်ချစ်မိနေခဲ့ပြီ ဆိုတာကို ရှန့်သူကိုယ်သူ သိလိုက်ရတယ်

          ရှန့်နဲ့ လင်းတို့ရဲ့ သူငယ်ချင်း သံယောဇဉ်ဟာ ခိုင်မြဲသည်ထက်ခိုင်မြဲနေသလို ရှန့် ရဲ့ အချစ်တွေဟာလဲ တဖြေးဖြေးကြီးထွားလာခဲ့ ပြီ ရှန့်ရဲ့ အမူအကျင့်တွေကို လင်းက သိသလို ရှန့်ကလဲ သူချစ်တဲ့လင်းကို အရိပ်တကြည့်ကြည့် ကြည့်နေခဲ့တယ်

ရှန့်နဲ့လင်းတို့ဘဝဟာ ပုံမှန်အတိုင်းဆက်သွားပြီး သာသာယာယာဖြစ်နေခဲ့ကာ သူတို့ခင်မင်ခဲ့တာ၆နှစ်နီးပါးရှိခဲ့ပြီဖြစ်သည်
ရှန့်နဲ့လင်း နှစ်တွေ တစ်နှစ်ပြီးတစ်နှစ် မွေးနေ့တွေပါတူတူဖြတ်ကျော်ခဲ့ကာ
ယခုဆို သူတို့အသက် နှစ်၂၀ပင်ရှိနေပြီဖြစ်သည်

          တနေ့တက္ကသိုလ် တတိယနှစ် ကျောင်းစဖွင့်တဲ့နေ့မှာ ကျောင်းကို မိန်းကလေးတယောက်ပြောင်းလာခဲ့တယ် သူ့နမည်က        "မယ်ရီရှင်း"     တဲ့..........

Sean zhou
(ဂြိုလ်သူမကြီးပါလာပါပြီ )💁‍♀️

ပြန်လည်မွေးဖွားလာသော သူ (သို့) သူမWhere stories live. Discover now