ရှင်း သူမက သိပ်ကို လှပတဲ့ မိန်းကလေးတယောက် သူက လူမှုဆက်ဆံရေးဆိုလဲ ထိပ်ဆုံးကပဲ စာဆိုလဲ သိပ်တော်တယ် အများကတော့ သူ့ကို သိပ်သဘောကျ ကြတယ် ရှန့်လဲ အပါအဝင်ပေါ့
ကျောင်းပြောင်းကျောင်းသူဆိုရင် ကျောင်းမှာ သိပ်စိတ်မဝင်စားကြပေမဲ့ ရှင်းကတော့ သိပ်ကို popular ဖြစ်တဲ့ ကျောင်းပြောင်းကျောင်းသူ တစ်ယောက်ပဲ
သူကလှလဲလှ သဘောကလဲ ကောင်း ဆိုတော့ သူ့ကို အားလုံးက သတိထားမိကြတယ် ကျောင်းပြောင်းလာတဲ့နေ့မှာတင် ယောကျာ်းလေးတွေရဲ့ ပါးစပ်းဖျားမှာ ရေပန်းစားခဲ့တယ်
ကျောင်းပြောင်းလာပြီး နောက်နေ့မှာဆို အနှပညာ ဌာနမှာ အကြောင်းပြချက်မရှိ လူစည်လာကြတယ် အဓိကကတော့ ရှင်းဆိုတဲ့ သူမကတွေ့ချင်ကြလို့ပေါ့
ရှန့်ကတော့ club တက် လျှောက်သွားတယ်ဆိုပင်မဲ့ လင်းကျောင်းသွားဖို့လာခေါ်တဲ့နေ့ဆိုရင် ဘယ်လောက်သွားစရာရှိရှိလိုက်တယ်
တနေ့ လင်းကို သူ့ကို သူငယ်ချင်းအသစ်တစ်ယောက်နဲ့ တွေ့တယ်လို့ လင်းရဲ့ သူငယ်ချင်းတွေကပြောတယ်
ရှန့်ကလဲ ယောကျာ်းလေးတယောက်လို့ပဲ ထင်ခဲ့တယ် ဒါပေမဲ့ မိန်းကလေးတယောက်ဖစ်နေတာကို ရှန့်မသိခဲ့ဘူး
လင်းရဲ့ ပြောင်းလဲခြင်းအစက သူမကနေစတင်ခဲ့တယ် လင်းတစ်ယောက်သူ့ကို ဖုန်းမဆက် ကျောင်းသွားဖို့လာမခေါ်တာ ကြာပီလို့ သတိထားမိတယ်
ရှန့် ဒီတနေ့တော့ ကားမယူပဲ စက်ဘီးလေးနဲ့လာခဲ့တယ် အရာရာပြည့်စုံတဲ့ သူ ဆိုပေမဲ့လဲ တခါတလေမှာ ရှန့်က သူ့ရဲ့ ပုံစံ အမှန်တိုင်းနေ့လေ့ရှိတယ်
ရှန့်ကျောင်းဝင်ဝတားရောက်ခါနီး လင်းကို တော်တော်လှတဲ့ မိန်းကလေးတယောက်နဲ့ ဖြတ်ကနဲ တွေ့မိတယ်......
စက်ဘီးကို အရှိန်တင်ပြီးသွားမောင်းလိုက်တယ် အင်း...တကယ်ပဲ လင်းဖြစ်နေခဲ့ပြီး ဘေးမှာလဲ ကောင်းမလေးတယောက်ရှိကာ ရီရီမောမောစကားတွေပြောနေတာ ကိုတွေ့ရတယ်....
YOU ARE READING
ပြန်လည်မွေးဖွားလာသော သူ (သို့) သူမ
Fantasyကြာဖြူပန်း(လက်ဖက်စိမ်းမ) မယ်ရီရှင်း နဲ့ သူရဲ့ရွှေခြေသလုံးထောက်တိုင်ကြီး ဇာတ်လိုက် လင်းရန် တို့ကြောင့် ကျိုးကျင်းရှန့်ဟာသေဆုံးခဲ့ရပြီး သူမသေဆုံးခင် ၅နှစ်အလိုကိုပြန်ရောက်လာခဲ့တဲ့အချိန် ဘယ်လိုတွေပြောင်းလဲသွားပြီး သူချစ်ရတဲ့ လင်းရန်ကိုကော ဆက်ချစ်နိုင်ပါ...